ရှင်လုကာခရစ်ဝင် 22:55
လူအချို့တို့သည်အိမ်တော်ဝင်းအလယ်တွင် မီးဖို၍ထိုင်နေကြ၏။ ပေတရုသည် သူတို့ ၏ကြားတွင်ဝင်၍ထိုင်၏။-
Common Language Bible
In The King James Version
In Context
Read all of ရှင်လုကာခရစ်ဝင် 22
Cross References
Psalms 1:1သူယုတ်မာတို့၏အကြံဉာဏ်ကိုလက်မခံ၊ အပြစ်ကူးသူတို့၏စံနမူနာကိုမလိုက်၊ ထာဝရဘုရားကိုပစ်ပယ်သူတို့နှင့်လည်း မပေါင်းမဖော်သောသူတို့သည်မင်္ဂလာရှိကြ၏။
Psalms 28:3မကောင်းမှုပြုသည့်သူယုတ်မာများနှင့်အတူ ကျွန်တော်မျိုးအားအပြစ်ဒဏ်စီရင်တော်မမူ ပါနှင့်။ ထိုသူတို့သည်နှုတ်ချိုသော်လည်းမုန်းစိတ်ရှိ ကြပါ၏။
Proverbs 13:20ပညာရှိတို့နှင့်ပေါင်းဘော်သောသူသည် ပညာ ရှိတတ်၏။ လူမိုက်တို့နှင့် ပေါင်းဘော်သောသူမူကား၊ ပျက်စီးတတ်၏။
Matthew 26:69ပေတရုသည်အပြင်ဖက်ကျောင်းတော်ဝင်းအတွင်း ၌ထိုင်လျက်နေစဉ်အစေခံမကလေးတစ်ယောက် သည်ရောက်လာ၍ `သင်သည်လည်းဂါလိလဲပြည်သား ယေရှုနှင့်ပေါင်းဖော်သူဖြစ်သည်'' ဟုဆို၏။
Luke 22:44ကိုယ်တော်သည်ပြင်းပြစွာဝေဒနာကိုခံ လျက်ပို၍စိတ်အားကြီးစွာဆုတောင်းတော် မူ၏။ သို့ဖြစ်၍ကိုယ်တော်၏ချွေးပေါက်တို့ သည်သွေးစက်များသဖွယ်မြေပေါ်သို့ကျ၏။
John 18:25ရှိမုန်ပေတရုသည်ရပ်လျက်မီးလှုံနေ၏။ လူ အချို့က ``သင်သည်လည်းထိုသူ၏တပည့် မဟုတ်ပါလော'' ဟုမေးကြ၏။ ပေတရုက ``ငါမဟုတ်'' ဟုငြင်းဆို၏။