ရှင်လုကာခရစ်ဝင် 23:14
ထိုနောက် ``ဤသူသည်ပုန်ကန်ရန်ပြည်သူတို့ အားလှုံ့ဆော်သူဖြစ်သည်ဟုဆို၍ သူ့အား သင်တို့ငါ့ထံသို့ခေါ်ခဲ့ကြ၏။ သင်တို့ရှေ့ မှာပင်ငါစစ်ဆေးခဲ့၏။ သို့ရာတွင်သင်တို့ ဆိုသည့်အတိုင်းထိုသူအားစွပ်စွဲနိုင်ရန် အကြောင်းတစ်စုံတစ်ရာကိုမျှငါမတွေ့။-
Common Language Bible
In The King James Version
In Context
Read all of ရှင်လုကာခရစ်ဝင် 23
Cross References
Daniel 6:4ထိုအခါအခြားကြီးကြပ်ရေးအဖွဲ့ဝင် များနှင့်ဘုရင်ခံတို့သည် ဒံယေလ၏စီမံ အုပ်ချုပ်မှု၌အမှားကိုရှာကြလေသည်။ သို့ရာတွင်မည်သည့်အမှားကိုမျှမတွေ့ မရှိနိုင်ကြ။ အဘယ်ကြောင့်ဆိုသော်ဒံယေလ သည်သစ္စာရှိသူဖြစ်သဖြင့်မည်သည့်အမှား၊ မည်သည့်မရိုးမဖြောင့်မှုကိုမျှမပြု သောကြောင့်ဖြစ်၏။-
Matthew 27:19ပိလတ်မင်းသည်တရားခွင်တွင်ထိုင်လျက်နေစဉ် သူ၏ဇနီးသည်လူတစ်ယောက်ကိုစေလွှတ်၍ ``ထို အပြစ်ကင်းသူနှင့်ပတ်သက်၍မည်သည့်အရာ ကိုမျှမပြုပါနှင့်။ အကျွန်ုပ်သည်ယမန်ညက အိပ်မက်တွင်သူ၏အတွက်စိတ်ဒုက္ခများစွာ ရောက်ရပါ၏'' ဟုပြောစေ၏။
Matthew 27:54တပ်မှူးနှင့်တကွသခင်ယေရှုကိုစောင့်ကြည့် နေကြသောစစ်သားများသည်မြေငလျင်လှုပ် သည်ကိုလည်းကောင်း၊ အခြားအဖြစ်အပျက်များ ကိုလည်းကောင်းတွေ့မြင်ကြသောအခါလွန်စွာ ကြောက်လန့်ကြ၍ ``ဤသူကားအကယ်ပင်ဘုရား သခင်၏သားတော်ဖြစ်၏'' ဟုဆိုကြ၏။
Luke 23:4ထိုနောက်ပိလတ်မင်းက ``ဤသူအားစွဲချက် တင်ရန်အကြောင်းတစ်စုံတစ်ရာမျှငါမတွေ့'' ဟုယဇ်ပုရောဟိတ်ကြီးများနှင့်လူအပေါင်း တို့အားဆို၏။
Hebrews 7:26သို့ဖြစ်၍သခင်ယေရှုသည်ငါတို့နှင့်သင့် လျော်သောယဇ်ပုရောဟိတ်မင်းဖြစ်၏။ ကိုယ် တော်သည်သန့်ရှင်းမြင့်မြတ်၍အပြစ်ကင်း လွတ်တော်မူ၏။ အပြစ်ကူးသူတို့နှင့်ခွဲခြား လျက်ကောင်းကင်ဘဝဂ်တိုင်အောင်ချီးမြှောက် ခြင်းကိုခံတော်မူ၏။-