ရှင်လုကာခရစ်ဝင် 23:2
ထိုနောက်သူတို့က ``ဤသူသည်ပြည်သူတို့အား လမ်းလွဲစေရန် ကဲသာဘုရင်အားအခွန်တော် မပေးမဆက်နှင့်ဟုတားမြစ်သည်ကိုလည်း ကောင်း၊ မိမိကိုယ်ကိုမေရှိယတည်းဟူသော ဘုရင်တစ်ပါးဖြစ်ကြောင်းပြောဆိုသည်ကို လည်းကောင်း အကျွန်ုပ်တို့တွေ့ရှိရပါ၏'' ဟု ဆို၍ကိုယ်တော်ကိုစွပ်စွဲကြ၏။
Common Language Bible
In The King James Version
In Context
1တရားလွှတ်တော်တစ်ဖွဲ့လုံးသည်ထ၍ကိုယ်တော် အား ပိလတ်မင်းထံသို့ခေါ်ဆောင်သွားကြ၏။-
Read all of ရှင်လုကာခရစ်ဝင် 23
Cross References
1 Kings 18:17ဧလိယကိုမြင်သောအခါအာဟပ်က``ဣသ ရေလပြည်တွင်ဒုက္ခပေးသူကိုယခုငါတွေ့ ပြီ'' ဟုဆို၏။
Psalms 35:11ဆိုးညစ်သူတို့သည်ငါအဘယ်အခါမျှ မကူးလွန်သည့်ပြစ်မှုများနှင့်ငါ့အား စွပ်စွဲကြ၏။
Psalms 64:3သူတို့သည်မိမိတို့၏လျှာကိုဋ္ဌားသဖွယ် သွေးကြပါ၏။ သနားကြင်နာခြင်းကင်းမဲ့သောစကား များဖြစ်သော မြားများကိုချိန်ရွယ်ကြ၏။
Jeremiah 37:13သို့ရာတွင်ဗင်္ယာမိန်တံခါးသို့ ရောက်ရှိသော အခါဟာနနိ၏မြေး၊ ရှေလမိ၏သား ဣရိယဟုဆိုသူကင်းမှူးက``သင်သည် ဗာဗုလုန်အမျိုးသားတို့၏ဘက်သို့ထွက် ပြေးသူဖြစ်ပါသည်တကား'' ဟုဆို၏။
Amos 7:10ထိုအခါဗေသလယဇ်ပုရောဟိတ်အာမဇိ က ဣသရေလဘုရင်ယေရောဗောင်ထံသို့ သံတော်ဦးတင်လိုက်လေ၏။ ``အာမုတ်သည် အရှင်မင်းကိုဆန့်ကျင်ဖို့ရန်ပြည်သူတို့ ကြားတွင်ကြံစည်လျက်ရှိပါသည်။ သူဟော သောစကားများကြောင့်နိုင်ငံတော်ပျက်ရ ပါလိမ့်မည်။-
Matthew 17:27သို့ရာတွင်သူတို့စိတ်မနာသွားစေရန်သင်သည် အိုင်သို့သွား၍ငါးကိုမျှားလော့။ အဦးမိသည့် ငါးပါးစပ်ကိုဖွင့်လော့။ ငွေဒင်္ဂါးတစ်ပြားကို တွေ့လိမ့်မည်။ ထိုငွေကိုယူ၍သင်နှင့်ငါ့အတွက် အခွန်တော်ကိုသူတို့အားပေးဆောင်လော့'' ဟု မိန့်တော်မူ၏။