ရှင်လုကာခရစ်ဝင် 24:36
ထိုအကြောင်းအရာများကိုတပည့်တော်နှစ်ယောက် တို့ပြောပြနေစဉ်သခင်ယေရှုသည်သူတို့၏အလယ် ၌ပေါ်လာတော်မူ၍ ``သင်တို့တွင်ငြိမ်သက်ခြင်းရှိ စေသတည်း'' ဟုမိန့်တော်မူ၏။
Common Language Bible
In The King James Version
In Context
37သူတို့သည်တစ္ဆေခြောက်သည်ဟုထင်မှတ်သဖြင့် ထိတ်လန့်တုန်လှုပ်နေကြ၏။-
Read all of ရှင်လုကာခရစ်ဝင် 24
Cross References
Matthew 10:13ထိုအိမ်သူအိမ်သားတို့သည်ထိုက်တန်သူများဖြစ် လျှင် သင်တို့ပေးသည့်ကောင်းချီးမင်္ဂလာသည်သူတို့ အပေါ်သက်ရောက်လိမ့်မည်။ ထိုသို့ခံစားထိုက်သူ များမဟုတ်ပါမူသင်တို့၏ကောင်းချီးမင်္ဂလာသည် သင်တို့ထံသို့ပြန်လည်ရောက်ရှိလာလိမ့်မည်။-
Luke 10:5သင်တို့မည်သည့်အိမ်သို့မဆိုဝင်သောအခါ ``ဤ အိမ်၌ငြိမ်သက်ခြင်းရှိပါစေ'' ဟုဦးစွာမေတ္တာ ပို့ကြလော့။-
John 16:33သင်တို့သည်လောကတွင်ဆင်းရဲဒုက္ခနှင့်တွေ့ ကြုံရလိမ့်မည်။ သို့ရာတွင်အားမငယ်ကြနှင့်။ ငါသည်လောကကိုအောင်ပြီ'' ဟုမိန့်တော် မူ၏။
John 20:26ထိုနောက်ရက်သတ္တတစ်ပတ်ကြာသော်တပည့် တော်တို့သည် အိမ်အတွင်းမှာစုဝေးလျက်ရှိ ကြ၏။ သောမလည်းသူတို့နှင့်အတူရှိ၏။ တံခါးများပိတ်ထားလျက်ရှိ၏။ သို့ရာတွင် သခင်ယေရှုသည်ကြွလာတော်မူ၍သူတို့ ၏အလယ်တွင်ရပ်တော်မူပြီးလျှင် ``သင်တို့ ၌ငြိမ်သက်ခြင်းရှိစေသတည်း'' ဟုမိန့်တော် မူ၏။-
2 Thessalonians 3:16ငြိမ်သက်ခြင်း၏အရှင်သခင်ဘုရားကိုယ်တော် တိုင်သင်တို့အား အခါခပ်သိမ်းနည်းအမျိုးမျိုး ဖြင့်ငြိမ်သက်ခြင်းကိုပေးသနားတော်မူပါ စေသော။ သခင်ဘုရားသည်သင်တို့နှင့်အတူ ရှိတော်မူပါစေသော။