ရှင်လုကာခရစ်ဝင် 3:9
သစ်ပင်ရင်းတွင်ပုဆိန်ကိုချထားလျက်ရှိသဖြင့် အသီးကောင်းကိုမသီးသောအပင်ဟူသမျှသည် ခုတ်လှဲ၍ မီးထဲသို့ပစ်ချခြင်းခံရလတ္တံ့'' ဟုလူ အပေါင်းတို့အားဆို၏။
Common Language Bible
In The King James Version
In Context
Cross References
Ezekiel 15:2ကိုယ်တော်က``အချင်းလူသား၊ စပျစ်ပင်သည် သာမန်သစ်ပင်နှင့်အဘယ်သို့ခြားနားသနည်း။ စပျစ်နွယ်သားသည်တောမှသစ်ပင်များ၏ သစ်ကိုင်းများနှင့်အသုံးဝင်ပုံမည်သို့ခြား နားသနည်း။-
Daniel 4:14ကောင်းကင်တမန်က`ဤသစ်ပင်ကိုခုတ်ချ ၍အကိုင်းတို့ကိုဖြတ်တောက်ပစ်လော့။ အရွက် တို့ကိုချွေ၍အသီးတို့ကိုကြဲဖြန့်ပစ်လော့။ တိရစ္ဆာန်တို့ကိုထိုသစ်ပင်ရိပ်မှလည်းကောင်း၊ ငှက်တို့ကိုအကိုင်းအခက်များမှလည်း ကောင်းမောင်းထုတ်လော့။-
Matthew 3:10သစ်ပင်များအားအမြစ်ရင်းမှခုတ်လှဲပစ်ရန် ပုဆိန်ကိုအသင့်ထားရှိပြီဖြစ်၍ အသီးကောင်း ကိုမသီးသည့်အပင်ဟူသမျှသည်ခုတ်လှဲ၍ မီးထဲသို့ပစ်ချခြင်းခံရလိမ့်မည်။-
Luke 13:7ဥယျာဉ်ရှင်က `ငါသည်ဤသဖန်းပင်ကိုလာ၍ သဖန်းသီးရှာသည်မှာသုံးနှစ်ရှိချေပြီ။ သို့ရာ တွင်တစ်လုံးမျှမတွေ့ရ။ ဤသဖန်းပင်ကိုခုတ် ပစ်လော့။ အဘယ်ကြောင့်မြေကိုအကျိုးမဲ့ ဖြစ်စေမည်နည်း' ဟုဥယျာဉ်မှူးအားဆို၏။-
Luke 23:29`ကလေးမရှိခဲ့၊ နို့မတိုက်ခဲ့သောအမျိုးသမီး များသည်မင်္ဂလာရှိ၏' ဟုဆိုရသည့်အချိန် ကျရောက်လာလိမ့်မည်။-
Hebrews 10:28မောရှေ၏ပညတ်တရားကိုမစောင့်ထိန်းသူ ယုဒအမျိုးသားမှန်သမျှသည် အသိသက် သေနှစ်ဦးသုံးဦး၏ထွက်ဆိုချက်အရ အပြစ်ရှိကြောင်းတွေ့ရှိရပါမူ၊ သနား ညှာတာမှုမရှိဘဲသေဒဏ်ပေးခြင်းကို ခံကြရ၏။-