ရှင်လုကာခရစ်ဝင် 4:15
ကိုယ်တော်သည်တရားဇရပ်များမှာဟောပြော သွန်သင်တော်မူရာလူအပေါင်းတို့သည်ကိုယ် တော်ကိုချီးမွမ်းကြ၏။
Common Language Bible
In The King James Version
And he taught in their synagogues, being glorified of all.
In Context
Cross References
Matthew 4:23ကိုယ်တော်သည်ဂါလိလဲပြည်တစ်လျှောက်လုံး ကြွတော်မူလျက်တရားဇရပ်များတွင်သွန် သင်တော်မူ၏။ နိုင်ငံတော်အကြောင်းသတင်း ကောင်းကိုဟောပြောတော်မူ၏။-
Matthew 9:35သခင်ယေရှုသည်မြို့ရွာရှိသမျှသို့လှည့်လည်ပြီး လျှင်တရားဇရပ်များတွင်သွန်သင်၍နိုင်ငံတော် အကြောင်းသတင်းကောင်းကိုဟောပြောလျက် အနာရောဂါအမျိုးမျိုးတို့ကိုပျောက်ကင်းစေ တော်မူ၏။-
Mark 1:27လူအပေါင်းတို့သည်လွန်စွာအံ့သြကြလျက် ``ဤ အချင်းအရာကားအဘယ်သို့နည်း။ သြဝါဒသစ် တစ်မျိုးပေလော။ သူသည်ညစ်ညမ်းသောနတ်များကို အာဏာနှင့်အမိန့်ပေး၍ နတ်တို့ကလိုက်နာကြ သည်တကား'' ဟုအချင်းချင်းပြောဆိုကြ၏။-
Mark 1:45ထိုသူသည်ထွက်ခွာ၍သွား၏။ သို့ရာတွင်မိမိ၏ အဖြစ်အပျက်အကြောင်းကို အနှံ့အပြား ပြောကြားလေသည်။ ထိုသတင်းသည်လွန်စွာ ပြန့်သွားရကားသခင်ယေရှုသည် အဘယ်မြို့သို့မျှ အထင်အရှားမဝင်နိုင်တော့ချေ။ ဆိတ်ကွယ်ရာ မြို့ပြင်ဒေသများမှာသာနေရ၏။ သို့သော် အရပ်ရပ်မှလူအပေါင်းတို့သည်အထံတော် သို့လာရောက်ကြကုန်၏။
Luke 13:10ဥပုသ်နေ့တစ်နေ့၌ကိုယ်တော်ဟောပြောသွန် သင်လျက်နေတော်မူရာ တရားဇရပ်တွင်တစ် ဆယ့်ရှစ်နှစ်ပတ်လုံးနတ်မိစ္ဆာပူးဝင်သဖြင့် မသန်မစွမ်းဖြစ်လျက်နေသောအမျိုးသမီး တစ်ယောက်ရှိ၏။ သူသည်ကျောကုန်း၍မိမိ ၏ခါးကိုလုံးဝမဆန့်နိုင်။-