ရှင်လုကာခရစ်ဝင် 5:24
သို့ရာတွင်လူသားသည်လောကတွင်အပြစ် ဖြေလွှတ်ပိုင်သည်ကိုသင်တို့အားသိစေအံ့'' ဟုဆိုလျက်လေဖြတ်သူအား ``သင့်အားငါ ဆိုသည်ကားထလော့။ သင့်ထမ်းစင်ကိုထမ်း ၍အိမ်ပြန်လော့'' ဟုမိန့်တော်မူ၏။
Common Language Bible
In The King James Version
In Context
Cross References
Daniel 7:13ညဥ့်အခါထိုရူပါရုံတွင်ငါသည်လူသားနှင့်တူသူတစ်ဦးကိုမြင်ရ၏။ သူသည်မိုးတိမ်ခြံရံကာငါ့ထံသို့ချဉ်းကပ်လာ၏။ ထိုနောက်ထာဝစဉ်အသက်ရှင်တော်မူသောအရှင်၏ထံတော်သို့ရောက်ရှိသွားသဖြင့်သူသည်ကိုယ်တော်၏ရှေ့တော်သို့ဝင်ခွင့်ရလေသည်။-
Matthew 16:13သခင်ယေရှုသည်ကဲသရိဖိလိပ္ပိနယ်သို့ရောက် ရှိတော်မူသောအခါတပည့်တော်တို့အား ``လူ တို့သည်ငါ့ကိုအဘယ်သူဖြစ်သည်ဟုပြောဆို ကြသနည်း'' ဟုမေးတော်မူ၏။
Matthew 26:64သခင်ယေရှုက ``သင်ဆိုသည်အတိုင်းမှန်၏။ သို့ ရာတွင်သင်တို့အားငါဆိုသည်ကားနောင်အခါ တွင်လူသားသည်အနန္တတန်ခိုးရှင်၏လက်ယာ ဘက်တွင်ထိုင်လျက်နေသည်ကိုလည်းကောင်း၊ မိုး တိမ်ကိုစီး၍ကြွလာတော်မူသည်ကိုလည်းကောင်း သင်တို့မြင်ရကြလတ္တံ့'' ဟုမိန့်တော်မူ၏။
Luke 5:13ကိုယ်တော်သည်လက်တော်ကိုဆန့်၍ထိုသူ့ကို တို့ထိတော်မူ၏။ ထိုနောက် ``ငါအလိုရှိ၏။ သန့် စင်စေ'' ဟုမိန့်တော်မူ၏။ ထိုခဏ၌ထိုသူ သည်ရောဂါပျောက်လေ၏။-
Luke 8:54ကိုယ်တော်သည်သူငယ်မ၏လက်ကိုဆုပ်ကိုင် ကာ ``ကလေးမ၊ ထလော့'' ဟုမိန့်တော်မူ၏။-
John 5:8သခင်ယေရှုက ``ထလော့၊ သင့်အိပ်ရာကိုယူ ၍လှမ်းသွားလော့'' ဟုထိုသူအားမိန့်တော် မူ၏။-