ရှင်လုကာခရစ်ဝင် 5:26
လူအပေါင်းတို့သည်လွန်စွာအံ့သြကြောက်ရွံ့ လျက် ``အံ့ဖွယ်သောအရာများကိုငါတို့ ယနေ့တွေ့မြင်ရလေပြီ'' ဟုပြောဆို၍ဘုရား သခင်၏ဂုဏ်တော်ကိုချီးကူးကြ၏။
Common Language Bible
In The King James Version
In Context
Cross References
Jeremiah 33:9ယေရုရှလင်မြို့သည်ငါဝမ်းမြောက်ဂုဏ်ယူ ဝါကြွားစရာဖြစ်လိမ့်မည်။ ကမ္ဘာပေါ်ရှိလူ မျိုးအပေါင်းတို့သည် ထိုမြို့အားငါပေး အပ်သည့်ကောင်းကျိုးချမ်းသာအကြောင်း ကိုလည်းကောင်း၊ ထိုမြို့သို့ငါဆောင်ယူ လာသည့်စည်ပင်ဝပြောမှုအကြောင်းကို လည်းကောင်း ကြားသိရသောအခါကြောက် လန့်တုန်လှုပ်၍သွားကြလိမ့်မည်'' ဟု မိန့်တော်မူ၏။
Matthew 9:8ဤအခြင်းအရာကိုတွေ့မြင်ကြသောလူပရိ သတ်တို့သည်ကြောက်ရွံ့ကြလျက်လူတို့အား ဤသို့သောတန်ခိုးကိုပေးတော်မူသောဘုရား သခင်၏ဘုန်းအသရေတော်ကိုချီးကူးကြ၏။
Matthew 28:8အမျိုးသမီးတို့သည်ကြောက်လန့်သော်လည်း အလွန်ရွှင်လန်းဝမ်းမြောက်စွာသင်္ချိုင်းဂူမှအလျင် အမြန်ထွက်ခွာ၍ တပည့်တော်တို့အားထိုသတင်း ကိုပြောကြားရန်ပြေးကြ၏။
Luke 5:8ထိုအခြင်းအရာကိုရှိမုန်ပေတရုမြင်လျှင် သခင်ယေရှု၏ခြေတော်ရင်းမှာပျပ်ဝပ် လျက် ``အရှင်ဘုရား၊ အကျွန်ုပ်သည်အြုပစ် သားဖြစ်သောကြောင့်အကျွန်ုပ်၏ထံမှ ကြွသွားတော်မူပါ'' ဟုလျှောက်၏။
Luke 8:37ထိုအခါဂါရစနယ်ကလူအပေါင်းတို့ သည်လွန်စွာကြောက်လန့်ကြသဖြင့် မိမိတို့ အရပ်မှထွက်ခွာသွားတော်မူပါရန်ကိုယ်တော် အားတောင်းပန်ကြ၏။ သို့ဖြစ်၍ကိုယ်တော်သည် လှေပေါ်သို့တက်၍ထိုအရပ်မှထွက်ခွာတော် မူ၏။-
Acts 5:11အသင်းတော်တစ်သင်းလုံးနှင့်ထိုအဖြစ် အပျက်အကြောင်းကို ကြားကြသူအပေါင်း သည်လွန်စွာကြောက်လန့်ကြကုန်၏။