bible.software › ရှင်လုကာခရစ်ဝင် › ရှင်လုကာခရစ်ဝင် 5 › ရှင်လုကာခရစ်ဝင် 5:3
ရှင်လုကာခရစ်ဝင် 5:3
ကိုယ်တော်သည်ထိုလှေနှစ်စင်းအနက်ရှိမုန်၏ လှေသို့တက်တော်မူပြီးလျှင်လှေကိုကမ်းမှ အနည်းငယ်ခွာစေရန်ရှိမုန်အားစေခိုင်းတော် မူ၏။ ထိုနောက်ထိုင်၍လူပရိသတ်တို့အား ဟောပြောသွန်သင်တော်မူ၏။
Common Language Bible
In The King James Version
And he entered into one of the ships, which was Simon’s, and prayed him that he would thrust out a little from the land. And he sat down, and taught the people out of the ship.
In Context
2ထိုအခါကိုယ်တော်သည်ကမ်းနားမှာဆိုက်ထား သောလှေနှစ်စင်းကိုမြင်တော်မူ၏။ တံငါသည် တို့သည်ထိုလှေများပေါ်မှဆင်းပြီးနောက် မိမိ တို့၏ပိုက်ကွန်များကိုဆေးကြောလျက်နေ ကြ၏။-
4ထိုသို့ဟောပြောသွန်သင်ပြီးသောအခါ ``ရေ နက်ရာသို့ခွာထွက်လော့။ ငါးများဖမ်းမိစေ ရန်သင်နှင့်သင်တို့အဖော်တို့၏ကွန်များ ကိုချလော့'' ဟုရှိမုန်အားမိန့်တော်မူ၏။
Read all of ရှင်လုကာခရစ်ဝင် 5
Cross References
Matthew 13:1ထိုနေ့၌ပင်လျှင်သခင်ယေရှုသည်ထိုအိမ်မှ ထွက်ကြွတော်မူ၍အိုင်ကမ်းခြေတွင်ထိုင်တော် မူ၏။-
John 1:41သူသည်အစ်ကိုဖြစ်သူရှိမုန်ကိုချက်ချင်းရှာ ၍ ``မေရှိယအရှင်ကိုငါတို့တွေ့ပြီ'' ဟုဆို၏။ (မေရှိယအနက်မှာ ခရစ်တော်ဖြစ်သတည်း။)-
This Verse In Other Editions
Study ရှင်လုကာခရစ်ဝင် 5:3