ရှင်လုကာခရစ်ဝင် 5:35
သို့ရာတွင်မင်္ဂလာဆောင်သတို့သားကိုသူတို့ ထံမှဆောင်ယူသွားမည့်နေ့ရက်ကာလရောက် ရှိလာပေအံ့။ ထိုအခါ၌သူတို့သည်အစာ ရှောင်ကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
Common Language Bible
In The King James Version
In Context
Cross References
Daniel 9:26ထိုကာလသီတင်းနှစ်ခြောက်ဆယ့်နှစ်နှစ် ကုန်ဆုံးချိန်၌ ဘုရားသခင်ရွေးချယ်တော် မူသောခေါင်းဆောင်သည် မတရားလုပ်ကြံ သတ်ဖြတ်ခြင်းကိုခံရလိမ့်မည်။ အခြား အရပ်မှချင်းနင်းဝင်ရောက်လာသူ တန်ခိုး ကြီးမင်းတစ်ပါး၏စစ်သည်ဗိုလ်ခြေတို့ သည် ယေရုရှလင်မြို့နှင့်ဗိမာန်တော်ကို ဖြိုဖျက်ကြလိမ့်မည်။ နောက်ဆုံး၌ဘုရားသခင်ပြင်ဆင်စီရင်တော်မူသည်အတိုင်း စစ်မှုနှင့်ပျက်စီးမှုတို့သည်ရေလွှမ်းမိုး သကဲ့သို့ဖြစ်ပွားရလိမ့်မည်။-
Matthew 6:17သင်တို့သည်အစာရှောင်ကြသောအခါမျက်စိ ဖြင့်မတွေ့မမြင်နိုင်သော သင်တို့၏အဖမှလွဲ၍ အခြားမည်သူမျှမသိစေရန် မျက်နှာကိုသစ် ၍ဦးခေါင်းကိုဖြီးကြလော့။-
Luke 24:17ကိုယ်တော်က ``သင်တို့သည်ခရီးသွားစဉ် အဘယ်အကြောင်းအရာများကိုဆွေးနွေး နေကြသနည်း'' ဟုမေးတော်မူ၏။ ထိုအခါသူတို့သည်မျက်နှာညှိုးငယ်စွာဖြင့် ထိုနေရာတွင်ရပ်လျက်နေ၏။-
John 13:33ချစ်သားတို့၊ ငါသည်သင်တို့နှင့်အတူခဏမျှ သာနေရပေတော့အံ့။ သင်တို့သည်ငါ့ကိုရှာ ကြလိမ့်မည်။ `ငါသွားရာသို့သင်တို့မလိုက် နိုင်ကြ' ဟုယုဒအာဏာပိုင်တို့အားပြောခဲ့ သည်အတိုင်းသင်တို့အားလည်းယခုငါ ပြော၏။-
John 16:4သင်တို့အားငါသတိပေးခဲ့ကြောင်းကိုဤ အမှုအရာများဖြစ်ပျက်လာချိန်၌ သင်တို့ ပြန်လည်သတိရကြစေရန်ယခုပင်ငါ ပြောနှင့်ပြီ။'' ``ငါသည်သင်တို့နှင့်အတူရှိနေသေးသော ကြောင့် သင်တို့အားထိုအကြောင်းအရာများ ကို ယခင်ကငါမပြောကြားခဲ့။-
John 16:28ငါသည်ခမည်းတော်ထံမှထွက်ခွာ၍ ဤ လောကသို့ကြွလာခဲ့၏။ ယခုဤလောက မှထွက်ခွာ၍ ခမည်းတော်၏ထံသို့ငါသွား တော့မည်'' ဟုမိန့်တော်မူ၏။