ရှင်လုကာခရစ်ဝင် 6:12
ထိုနောက်ကိုယ်တော်သည်ဆုတောင်းပတ္ထနာပြုရန် တောင်ပေါ်သို့ကြွတော်မူ၏။ တစ်ညလုံးဘုရား သခင်ထံဆုတောင်းပတ္ထနာပြုလျက်နေတော် မူ၏။-
Common Language Bible
In The King James Version
In Context
Cross References
Genesis 32:24ယာကုပ်ကမူတစ်ယောက်တည်းနေရစ်ခဲ့လေ သည်။ ထိုအခါလူတစ်ယောက်သည်မိုးလင်းအံ့ဆဲ ဆဲတိုင်အောင်သူနှင့်နပန်းလုံးလေ၏။-
Psalms 55:15ငါ၏ရန်သူများသည်သေနေ့မစေ့မီ သေရကြပါစေသော။ အရှင်လတ်လတ်သေရွာသို့သွားရကြပါစေသော။ သူတို့၏နေအိမ်များသည်ဆိုးညစ်မှုကြီးစိုးရာ ဌာနများဖြစ်ကြ၏။ သူတို့၏စိတ်နှလုံးသည်ဆိုးညစ်မှုနှင့် ပြည့်နှက်လျက်ရှိ၏။
Daniel 6:10မင်းကြီးဤသို့လက်မှတ်ရေးထိုးပြီး ကြောင်းကိုကြားသိသောအခါ ဒံယေလ သည်အိမ်သို့ပြန်လေ၏။ သူ၏အိမ်အထက် ခန်းတွင်ယေရုရှလင်မြို့သို့မျက်နှာမူ သည့်ပြူတင်းပေါက်များရှိ၏။ သူသည်ထို အခန်းတွင်မိမိပြုလေ့ရှိသည်အတိုင်း ပြူတင်းပေါက်များအနီးတွင် ဒူးထောက် လျက်တစ်နေ့လျှင်သုံးကြိမ်ဘုရားသခင်အားဆုတောင်းပတ္ထနာပြုလေ၏။
Matthew 14:23လူအပေါင်းတို့အားအိမ်သို့ပြန်စေပြီးနောက် ကိုယ်တော်သည်ဆုတောင်းပတ္ထနာပြုရန်တောင်ပေါ် ကိုတက်တော်မူ၏။ ညချမ်းအချိန်ရောက်သော် ထိုအရပ်တွင်တစ်ကိုယ်တည်းရှိနေတော်မူသတည်း။-
Mark 6:46ကိုယ်တော်သည်လူအပေါင်းတို့ကိုနှုတ်ဆက်တော် မူပြီးလျှင် ဆုတောင်းပတ္တနာပြုရန်တောင်ပေါ်သို့ တက်တော်မူ၏။-
Colossians 4:2စွဲမြဲစွာဆုတောင်းပတ္ထနာပြုကြလော့။ ဆုတောင်း ပတ္ထနာပြုရာတွင်နိုးနိုးကြားကြားရှိလျက် ကျေးဇူးတော်ကိုချီးမွမ်းကြလော့။-