ရှင်လုကာခရစ်ဝင် 7:28
အမျိုးသမီးများမှဖွားမြင်သူများအနက် ယောဟန်ထက်ကြီးမြတ်သူတစ်ယောက်မျှမရှိ ဟုသင်တို့အားငါဆို၏။ သို့ရာတွင်ဘုရား သခင်၏အုပ်စိုးခြင်းကိုဝန်ခံသူတို့တွင် အသိမ်ငယ်ဆုံးသောသူသည်ယောဟန်ထက် ကြီးမြတ်၏'' ဟုမိန့်တော်မူ၏။
Common Language Bible
In The King James Version
In Context
Cross References
Matthew 13:16``သင်တို့၏မျက်စိများသည်မြင်၍နားများသည် လည်းကြားသောကြောင့် သင်တို့သည်မင်္ဂလာရှိကြ၏။-
Luke 3:16သို့ဖြစ်၍ယောဟန်က ``ငါသည်သင်တို့အားရေ ဖြင့်ဗတ္တိဇံမင်္ဂလာကိုပေး၏။ သို့ရာတွင်ငါ့ထက် ကြီးမြတ်သူသည်ငါ့နောက်မှပေါ်ထွန်းလိမ့်မည်။ ငါသည်ထိုအရှင်၏ဖိနပ်ကြိုးကိုမျှမဖြေထိုက်။ ထိုအရှင်သည်သင်တို့အားသန့်ရှင်းသောဝိညာဉ် တော်ဖြင့်လည်းကောင်း၊ မီးဖြင့်လည်းကောင်းဗတ္တိဇံ မင်္ဂလာကိုပေးတော်မူလတ္တံ့။-
Luke 10:23ထိုနောက်ကိုယ်တော်သည်တပည့်တော်တို့ဘက်သို့ လှည့်၍ ``ယခုမြင်သမျှသောအရာတို့ကိုသင် တို့မြင်သောကြောင့်သင်တို့မျက်စိသည်မင်္ဂလာ ရှိ၏။-
Colossians 1:25သင်တို့၏အကျိုးငှာဘုရားသခင်သည်ငါ့ အားအသင်းတော်၏အမှုတော်ဆောင်အဖြစ် ခန့်ထားတော်မူပေသည်။ ငါ့အားပေးအပ်တော် မူသောအလုပ်တာဝန်မှာနှုတ်ကပတ်တရား တော်ကိုအကုန်အစင်ကြေညာရန်ပင်ဖြစ်၏။-
1 Peter 1:10ပရောဖက်များသည်ယင်းကယ်တင်ခြင်းနှင့် ပတ်သက်၍အသေအချာစုံစမ်းရှာဖွေခဲ့ ကြ၏။ သင်တို့အားဘုရားသခင်ပေးတော် မူမည့်ဤဆုကျေးဇူးအကြောင်းကိုဟော ကြားခဲ့ကြ၏။-