ရှင်လုကာခရစ်ဝင် 7:44
ထိုနောက်အမျိုးသမီး၏ဘက်ကိုလှည့်၍ ရှိမုန်အား ``သင်သည်ဤအမျိုးသမီးကို မြင်သလော။ ငါသည်သင်၏အိမ်သို့ဝင်သော အခါ သင်သည်ခြေဆေးရေကိုမပေး။ သို့ ရာတွင်သူသည်မျက်ရည်ဖြင့် ငါ့ခြေကို ဆေး၍ဆံပင်ဖြင့်သုတ်လေပြီ။-
Common Language Bible
In The King James Version
In Context
Cross References
Genesis 18:4ခြေဆေးရန်ရေယူခဲ့ပါရစေ။ ဤသစ်ပင် အောက်တွင်အပန်းဖြေနိုင်ပါသည်။-
Genesis 43:24အိမ်တော်ဝန်သည်သူတို့ကိုအိမ်ထဲသို့ဝင်စေ ၏။ သူတို့၏ခြေများကိုဆေးကြောရန်ရေကို ပေး၍သူတို့၏မြည်းများကိုအစာကျွေး ၏။-
1 Samuel 25:41အဘိဂဲလသည် မြေသို့တိုင်အောင်ဦးညွှတ် ပြီးလျှင်``ကျွန်မသည်ထိုသခင်၏အစေခံ ဖြစ်သဖြင့် သူ့အစေခံများ၏ခြေကိုပင် ဆေးရန်အသင့်ရှိပါ၏'' ဟုဆိုကာ၊-
James 2:6သို့ရာတွင်သင်တို့ကဆင်းရဲသူတို့အား ရှုတ်ချကြသည်တကား။ ကြွယ်ဝသူတို့သည် သင်တို့အားနှိပ်စက်၍တရားသူကြီးများ ရှေ့သို့ဆွဲငင်ခေါ်ဆောင်သွားကြသည် မဟုတ်လော။-