ရှင်လုကာခရစ်ဝင် 7:8
အကျွန်ုပ်ကိုယ်တိုင်ပင်အထက်အရာရှိအောက် တွင်အမှုထမ်းသူဖြစ်၍ အကျွန်ုပ်၏လက်အောက် တွင်လည်းစစ်သားများရှိပါ၏။ စစ်သားတစ် ယောက်အား `သွားလော့' ဟုဆိုလျှင်သူသည်သွား ပါ၏။ အခြားတစ်ယောက်အား `လာခဲ့' ဟုဆိုလျှင် လာပါ၏။ အကျွန်ုပ်၏ကျွန်အား `ဤအမှုကိုပြု လော့' ဟုဆိုလျှင်သူသည်ပြုပါ၏'' ဟုလျှောက် ထားစေ၏။ ဤစကားကိုသခင်ယေရှုကြား တော်မူလျှင်အံ့သြတော်မူ၏။
Common Language Bible
In The King James Version
In Context
7အမိန့်တော်ကိုသာပေးတော်မူပါလျှင် အကျွန်ုပ် ၏အစေခံသည်ကျန်းမာလာပါလိမ့်မည်။-
Cross References
Acts 22:25သူ့ကိုကြိမ်ဒဏ်ခတ်ရန်ချည်နှောင်ကြသော အခါ ပေါလုကအနီးတွင်ရပ်လျက်နေသည့် တပ်ခွဲမှူးအား``ရောမနိုင်ငံသားတစ်ယောက် ကိုစစ်ဆေးစီရင်ခြင်းမပြုဘဲကြိမ်ဒဏ် ခတ်ခြင်းမှာတရားဥပဒေနှင့်ကိုက်ညီပါ သလော'' ဟုမေး၏။
Acts 23:23ထိုနောက်တပ်မှူးသည်တပ်ခွဲမှူးနှစ်ယောက်ကို ခေါ်၍ ``ယနေ့ညကိုးနာရီအချိန်၌ကဲသရိ မြို့သို့သွားရန်စစ်သားနှစ်ရာ၊ မြင်းတပ်သား ခုနစ်ဆယ်နှင့်လှံတပ်သားနှစ်ရာတို့ကိုယနေ့ ညကိုးနာရီ၌ထွက်ခွာရန်အသင့်ရှိစေကြ လော့။-
Acts 23:31စစ်သားတို့သည်တပ်မှူး၏အမိန့်အတိုင်း ဆောင်ရွက်ကြ၏။ သူတို့သည်ပေါလုကိုခေါ် ၍ထိုည၌ပင်အန္တိပတရိမြို့အထိပို့ ဆောင်ကြ၏။-
Acts 25:26သူနှင့်ပတ်သက်၍ဘုရင်ဧကရာဇ်မင်း အား တိတိကျကျသံတော်ဦးတင်စရာ အကြောင်းတစ်ခုမျှကျွန်ုပ်မှာမရှိပါ။ ထို့ ကြောင့်ထိုသူအားသင်တို့၏ရှေ့သို့ခေါ် ဆောင်လာခြင်းဖြစ်ပါ၏။ အထူးသဖြင့် အဂြိပ္ပမင်းကြီးရှေ့တော်သို့ခေါ်ဆောင် လာပါ၏။ ဤသို့ခေါ်ဆောင်လာခြင်းမှာ သူ့အားမင်းကြီးစစ်ဆေးမေးမြန်းပြီး သောအခါ ကျွန်ုပ်အစီရင်ခံစာရေးရန် အကြောင်းတစ်စုံတစ်ရာရရှိနိုင်မည် ပင်ဖြစ်ပါသည်။-
1 Timothy 6:1ကျွန်ဖြစ်သူတို့သည်မိမိတို့၏သခင်များ အားရိုသေလေးစားထိုက်သူများဟုခံယူ ရကြမည်။ သို့မှသာလျှင်မည်သူမျှဘုရား သခင်၏နာမတော်နှင့် ငါတို့တရားတော် ကိုကဲ့ရဲ့ပြောဆိုလိမ့်မည်မဟုတ်။-