ရှင်လုကာခရစ်ဝင် 8:37
ထိုအခါဂါရစနယ်ကလူအပေါင်းတို့ သည်လွန်စွာကြောက်လန့်ကြသဖြင့် မိမိတို့ အရပ်မှထွက်ခွာသွားတော်မူပါရန်ကိုယ်တော် အားတောင်းပန်ကြ၏။ သို့ဖြစ်၍ကိုယ်တော်သည် လှေပေါ်သို့တက်၍ထိုအရပ်မှထွက်ခွာတော် မူ၏။-
Common Language Bible
In The King James Version
In Context
Cross References
Deuteronomy 5:25သို့ရာတွင်အကျွန်ုပ်တို့သည် အဘယ်ကြောင့် အရဲစွန့်၍အသေခံရမည်နည်း။ ထိုကြောက် မက်ဖွယ်မီးကြီးကြောင့် အကျွန်ုပ်တို့သည် ပျက်စီးဆုံးရှုံးရကြပါလိမ့်မည်။ အကျွန်ုပ် တို့၏ဘုရားသခင်ထာဝရဘုရား၏ အသံတော်ကိုထပ်၍ကြားရလျှင်အကျွန်ုပ် တို့သေရပါလိမ့်မည်။-
2 Samuel 6:8ထို့ကြောင့်ထိုအရပ်ကိုပေရဇာသြဇ ဟုယနေ့တိုင်အောင်ခေါ်ဝေါ်သမုတ်ကြလေ သည်။ ထာဝရဘုရားသည်သြဇအားအမျက် တော်ထွက်၍ဒဏ်ခတ်တော်မူသောကြောင့်ဒါဝိဒ် သည်လွန်စွာစိတ်ဆိုးတော်မူ၏။
Job 21:14ဘုရားသခင်အားလည်း၊ ငါ့တို့ထံမှ ထွက်သွားလော့။ ကိုယ်တော်၏တရားကို ငါတို့မသိလိုဟူ၍၎င်း၊
Mark 5:17ထို့ကြောင့်သူတို့သည်မိမိတို့ဒေသမှထွက်ခွာ သွားတော်မူရန် သခင်ယေရှုအားတောင်းပန် ကြ၏။
Luke 8:28သခင်ယေရှုကိုမြင်လျှင်သူသည်အော်ဟစ်ပြီး လျှင်ရှေ့တော်မှာပျပ်ဝပ်လျက် ``အမြင့်မြတ်ဆုံး သောဘုရား၏သားတော်ယေရှု၊ အရှင်သည် အကျွန်ုပ်အားညှဉ်းဆဲတော်မမူပါနှင့်'' ဟု ကျယ်စွာလျှောက်ထား၏။-
Luke 9:56ထိုနောက်ကိုယ်တော်နှင့်တပည့်တော်တို့သည် အခြားရွာတစ်ရွာသို့ထွက်သွားကြ၏။