ရှင်လုကာခရစ်ဝင် 9:1
သခင်ယေရှုသည်တမန်တော်တစ်ဆယ့်နှစ်ပါးတို့ ကိုအထံတော်သို့ခေါ်တော်မူပြီးလျှင် နတ်မိစ္ဆာ အပေါင်းကိုနှင်ထုတ်နိုင်သောတန်ခိုးအာဏာ နှင့် အနာရောဂါများကိုပျောက်ကင်းစေနိုင် သောတန်ခိုးအာဏာကိုပေးအပ်တော်မူ၏။-
Common Language Bible
In The King James Version
In Context
Cross References
Matthew 16:19ငါသည်သင့်အားကောင်းကင်နိုင်ငံတော်၏သော့ များကိုပေးအပ်မည်။ လောကတွင်သင်တားမြစ် သမျှကိုဘုရားသခင်သည်ကောင်းကင်ဘုံတွင် လည်းတားမြစ်တော်မူမည်။ လောကတွင်သင်ခွင့် ပြုသမျှကိုကောင်းကင်ဘုံတွင်လည်းခွင့်ပြု တော်မူမည်'' ဟုမိန့်တော်မူ၏။
Mark 6:7တပည့်တော်တစ်ဆယ့်နှစ်ဦးတို့ကိုအထံတော် သို့ခေါ်တော်မူပြီးနောက် နှစ်ယောက်စီတွဲ၍မြို့ ရွာများသို့စေလွှတ်တော်မူ၏။ သူတို့အားညစ် ညမ်းသောနတ်များကိုနှိမ်နင်းနိုင်သောတန်ခိုး အာဏာကိုအပ်နှင်းတော်မူ၏။-
Luke 6:13မိုးလင်းသောအခါတပည့်တော်တို့ကိုအထံ တော်သို့ခေါ်တော်မူပြီးလျှင် ထိုသူတို့အနက် တစ်ဆယ့်နှစ်ပါးကိုရွေးချယ်၍တမန်တော် နာမည်ဖြင့်သမုတ်တော်မူ၏။-
John 14:12အမှန်အကန်သင်တို့အားငါဆိုသည်ကား ငါ့ကိုယုံကြည်သူသည်ငါပြုသောအမှု တို့ကိုပြုလိမ့်မည်။ ထိုထက်ကြီးမြတ်သည့် အမှုများကိုပင်ပြုလိမ့်မည်။ အဘယ်ကြောင့် ဆိုသော်ငါသည်ခမည်းတော်ထံတော်သို့ သွားမည်ဖြစ်သောကြောင့်တည်း။-
Acts 3:16ထိုအရှင်၏နာမတော်တန်ခိုးအားဖြင့် ဤ ခြေမစွမ်းမသန်သူသည်စွမ်းသန်၍လာ၏။ ထိုအရှင်၏နာမတော်ကိုယုံကြည်ခြင်း အားဖြင့် ယခုသင်တို့တွေ့မြင်ကြရသည့် အမှုအရာသည်ဖြစ်ပွားခဲ့၏။ သင်တို့တွေ့ မြင်သည့်အတိုင်းသခင်ယေရှုကိုယုံကြည် ခြင်းကသာလျှင် ထိုသူအားကျန်းမာလာ စေခြင်းဖြစ်၏။''
Acts 9:34သူ့အားပေတရုက ``အဲနေ၊ ယေရှုခရစ်သည် သင့်ကိုကျန်းမာစေတော်မူပြီ။ ထ၍အိပ်ရာ ကိုပြင်လော့'' ဟုဆို၏။ အဲနေသည်ချက်ချင်း ပင်ထ၏။-