မာလခိအနာဂတ္တိကျမ်း 1:12
``သို့ရာတွင်သင်တို့မူကားငါ၏ယဇ် ပလ္လင်ကိုညစ်ညမ်းသည်ဟုဆိုကာ မိမိတို့ တင်လှူသည့်ဘောဇဉ်ပူဇော်သကာကို လည်းမထီမဲ့မြင်ပြုလျက်ငါ့အားရှုတ် ချကြပေသည်။-
Common Language Bible
In The King James Version
In Context
Read all of မာလခိအနာဂတ္တိကျမ်း 1
Cross References
Numbers 11:4ဣသရေလအမျိုးသားတို့နှင့်အတူလိုက် ပါလာသော နိုင်ငံခြားသားတို့သည်အသား ကိုတောင့်တကြ၏။ ဣသရေလအမျိုးသား တို့ကပင်လျှင်``အသားကိုစားချင်လှပါဘိ။-
Ezekiel 36:21သူတို့သည်ရောက်လေရာရာအရပ်တို့တွင် ငါ၏သန့်ရှင်းမြင့်မြတ်သောနာမတော်ကို အသရေဖျက်ကြသဖြင့် ငါသည်မိမိ၏ နာမတော်အတွက်စိတ်မအေးရ။
Amos 2:7သူတို့သည်အားနွဲ့သူနှင့်ခိုကိုးရာမဲ့ သူများကိုနင်းချေပြီးဆင်းရဲသားတို့ ကိုတွန်းထုတ်ဖယ်ရှားကြပြီ။ အဘနှင့် သားသည်ကျွန်မိန်းကလေးတစ်ယောက် တည်းနှင့်ဆက်ဆံလျက်ငါ၏သန့်ရှင်း ရာနာမတော်ကိုအသရေပျက်စေပြီ။-
Malachi 1:13သင်တို့က`ဤအမှုများပြုရသည်ကိုငါ တို့ငြီးငွေ့လှပါပြီ' ဟုဆိုကာနှာခေါင်း ရှုတ်၍ငါ့အားမလေးမခန့်ပြုကြ၏။ သင် တို့သည်မိမိတို့ခိုးယူရရှိသည့်ယဇ်ကောင် ကိုသော်လည်းကောင်း၊ ခြေကျိုးသို့မဟုတ် ဖျားနာသည့်ယဇ်ကောင်ကိုသော်လည်းကောင်း ငါ၏အတွက်ပူဇော်သကာအဖြစ်နှင့်ယူ ဆောင်ခဲ့ကြ၏။ ငါသည်ဤပူဇော်သကာ များကိုလက်ခံလိမ့်မည်ဟုသင်တို့ထင် မှတ်ကြပါသလော။-''
Romans 2:24ကျမ်းစာတော်တွင်``ယုဒအမျိုးသားတို့ကြောင့် လူမျိုးခြားတို့သည်ဘုရားသခင်၏နာမ တော်ကိုကဲ့ရဲ့ကြ၏'' ဟုဖော်ပြပါရှိ သည်။