မာလခိအနာဂတ္တိကျမ်း 3:1
အနန္တတန်ခိုးရှင်ထာဝရဘုရားက``ငါ သည်မိမိ၏တမန်တော်ကိုစေလွှတ်၍ ငါ့ အဖို့လမ်းခရီးကိုပြင်ဆင်စေမည်။ ထို နောက်သင်တို့စောင့်မျှော်နေသောထာဝရ ဘုရားသည် မိမိ၏ဗိမာန်တော်သို့ကြွလာ တော်မူလိမ့်မည်။ သင်တို့စောင့်မျှော်နေသော တမန်တော်သည်လာ၍ ငါ၏ပဋိညာဉ်တော် ကိုဖော်ပြကြေညာလိမ့်မည်'' ဟုမိန့်တော် မူ၏။
Common Language Bible
In The King James Version
In Context
Read all of မာလခိအနာဂတ္တိကျမ်း 3
Cross References
Exodus 23:20``ခရီးလမ်းတွင်သင်တို့အားစောင့်ရှောက်ရန်နှင့် ငါပြင်ဆင်သောအရပ်သို့ သင်တို့ကိုပို့ဆောင်ရန် သင်တို့ရှေ့ကကောင်းကင်တမန်ကိုငါစေလွှတ် မည်။-
Psalms 110:1ထာဝရဘုရားက ``ငါသည်သင်၏ရန်သူများကိုသင်၏ ခြေတင်ခုံဖြစ်စေမည်။ ယင်းသို့မဖြစ်မီကာလငါ၏လက်ယာဘက် တွင် ထိုင်နေလော့'' ဟု ငါ၏အရှင်မင်းမြတ်အားမိန့်တော်မူ၏။
Isaiah 9:6ငါတို့အဖို့သူငယ်ကိုဖွားမြင်၏။ ငါတို့အားသားကိုပေးသနားတော်မူပါ၏။ သူသည်ငါတို့ကိုအုပ်စိုးလိမ့်မည်။ ``သူ၏နာမတော်ကိုအံ့သြဖွယ်၊'' ``တိုင်ပင်ဘက်'' ``တန်ခိုးကြီးသောဘုရား'' ``ထာဝရအဖ'' ``ငြိမ်းချမ်းရေးအရှင်'' ဟူ၍နာမည်တွင် လိမ့်မည်။
Isaiah 40:10ထာဝရအရှင်ဘုရားသခင်သည် မိမိကယ်တင်ထားတော်မူသည့် လူတို့ကိုခေါ်၍ တန်ခိုးတော်နှင့်အုပ်စိုးရန်ကြွလာ တော်မူလိမ့်မည်။
Hosea 12:3သူတို့၏ဘိုးဘေးဖြစ်သောယာကုပ်သည် အမိဝမ်းတွင်း၌ရှိစဉ်ကပင် အမြွှာအစ်ကို ဧသောနှင့်ရန်ဘက်ပြုခဲ့၏။ ယာကုပ်သည် ကြီးပြင်းလာသောအခါ ဘုရားသခင်ကို ဆန့်ကျင်၍ရန်ဘက်ပြုခဲ့၏။-
Malachi 2:7ဘုရားသခင်အကြောင်းတော်ကိုမှန်ကန် စွာသိရှိနားလည်နိုင်ရန်ဟောပြောသွန် သင်မှုမှာ ယဇ်ပုရောဟိတ်များ၏တာဝန် ဖြစ်ပေသည်။ သူတို့သည်အနန္တတန်ခိုးရှင် ထာဝရဘုရား၏ တမန်တော်များဖြစ် သဖြင့် လူတို့သည်ငါ၏အလိုတော်ကို သိရှိနိုင်ရန်သူတို့ထံသို့သွားရကြ၏။