မာလခိအနာဂတ္တိကျမ်း 3:4
ထိုအခါ၌ယုဒပြည်သူများနှင့်ယေရုရှ လင်မြို့သားတို့ထာဝရဘုရား၏ထံတော် သို့ ယူဆောင်လာသည့်ပူဇော်သကာများသည် ရှေးကာလမှာကဲ့သို့ပင်ထာဝရဘုရား နှစ်သက်တော်မူဖွယ်ရာဖြစ်လိမ့်မည်။
Common Language Bible
In The King James Version
In Context
Read all of မာလခိအနာဂတ္တိကျမ်း 3
Cross References
1 Chronicles 15:26ဘုရားသခင်သည်သေတ္တာတော်ကိုပင့်ဆောင် ကြသူလေဝိအနွယ်ဝင်တို့အားမစတော် မူစေခြင်းငှာ ဣသရေလအမျိုးသားတို့ သည်နွားထီးခုနစ်ကောင်နှင့်သိုးခုနစ် ကောင်ကိုယဇ်ပူဇော်ကြ၏။-
1 Chronicles 21:26ထာဝရဘုရားအဖို့ယဇ်ပလ္လင်ကိုတည် တော်မူပြီးလျှင် မီးရှို့ရာယဇ်နှင့်မိတ်သဟာ ယယဇ်တို့ကိုပူဇော်တော်မူ၏။ မင်းကြီး ဆုတောင်းပတ္ထနာပြုသောအခါထာဝရ ဘုရားသည်ပလ္လင်ပေါ်ရှိယဇ်ကောင်များ ကိုမီးရှို့ရန်အတွက် ကောင်းကင်မှမီးကို ချပေးတော်မူ၏။ ဤနည်းအားဖြင့်မင်း ကြီး၏ဆုတောင်းပတ္ထနာကိုနားညောင်း တော်မူသတည်း။
2 Chronicles 1:6မင်းကြီးသည်ယဇ်ကောင်တစ်ထောင်ကိုသတ်၍ တစ်ကောင်လုံးမီးရှို့ရာယဇ်အဖြစ် ထာဝရ ဘုရားကိန်းဝပ်တော်မူရာတဲတော်ရှေ့၌ ကြေးဝါယဇ်ပလ္လင်ပေါ်တွင်ပူဇော်တော်မူ သည်။
2 Chronicles 7:10သတ္တမလနှစ်ဆယ့်သုံးရက်နေ့၌ရှောလမုန် သည်ပြည်သူတို့အား မိမိတို့နေရပ်သို့ပြန် စေတော်မူ၏။ ထာဝရဘုရားသည်မိမိ၏ လူမျိုးတော်ဣသရေလအမျိုးသားတို့နှင့် ဒါဝိဒ်မင်းနှင့်ရှောလမုန်မင်းအားပြုတော် မူသောကျေးဇူးတော်ကြောင့်လူတို့သည် အားရဝမ်းမြောက်စွာပြန်ကြကုန်၏။
2 Chronicles 29:31ဟေဇကိကပြည်သူတို့အား``ယခုသင် တို့သည်ဘာသာရေးထုံးနည်းအရ သန့်စင် မှုကိုပြုပြီးဖြစ်၍ ထာဝရဘုရားထံ တော်သို့ကျေးဇူးတော်ချီးမွမ်းရာပူဇော် သကာအဖြစ်ဖြင့် ယဇ်များကိုယူဆောင်လာ ကြလော့'' ဟုမိန့်တော်မူသည့်အတိုင်းလူ တို့လိုက်နာဆောင်ရွက်ကြ၏။ အချို့သော သူတို့သည်မိမိတို့စေတနာအလျောက် မီးရှို့ပူဇော်ရန်တိရစ္ဆာန်များကိုယူဆောင် လာကြလေသည်။-
2 Chronicles 31:20ဟေဇကိမင်းသည်ယုဒပြည်တစ်လျှောက် လုံးတွင်ဖြောင့်မှန်သော၊ မိမိ၏ဘုရားသခင်ထာဝရဘုရားနှစ်သက်တော်မူ သောအမှုတို့ကိုပြုတော်မူ၏။-