မာလခိအနာဂတ္တိကျမ်း 3:9
တစ်နိုင်ငံလုံးပင်ငါ့အားလိမ်လည်လှည့် စားလျက်နေသဖြင့် သင်တို့အားလုံးသည် ကျိန်စာသင့်လျက်ရှိကြ၏။-
Common Language Bible
In The King James Version
Ye are cursed with a curse: for ye have robbed me, even this whole nation.
In Context
Read all of မာလခိအနာဂတ္တိကျမ်း 3
Cross References
Joshua 7:12ထိုကြောင့်ဣသရေလအမျိုးသားတို့သည် ရန်သူများကိုယှဉ်ပြိုင်၍မတိုက်နိုင်ကြ။ သူ တို့ကိုယ်တိုင်ဖျက်ဆီးခြင်းခံရမည့်သူများ ဖြစ်၍ ရန်သူများထံမှဆုတ်ခွာခဲ့ရကြ၏။ သင်တို့ကိုမယူရဟုငါပညတ်သော်လည်း သင်တို့ယူထားသောပစ္စည်းများကိုဖျက်ဆီး မပစ်လျှင် ငါသည်သင်တို့နှင့်အတူရှိတော် မူမည်မဟုတ်။-
Isaiah 43:28သင်တို့ဘုရင်များသည်ငါ၏ဗိမာန်တော်ကို ညစ်ညမ်းစေကြ၏။ ထို့ကြောင့်ငါသည်ဣသရေလပြည်ကို ပျက်ပြုန်းစေ၍၊ ငါ၏လူမျိုးတော်အားအသရေ ပျက်စေလေသည်။
Haggai 2:14ထိုအခါဟ္ဂဲကထိုနည်းတူစွာဤတိုင်း ပြည်သားများတို့နှင့် သူတို့လုပ်ဆောင် သမျှသောအမှုအရာတို့သည်ညစ်ညမ်း သဖြင့် ယဇ်ပလ္လင်ပေါ်တွင်သူတို့တင်လှူသည့် ပူဇော်သကာမှန်သမျှသည်လည်း ညစ်ညမ်း ကြောင်းထာဝရဘုရားမိန့်တော်မူပါ ၏'' ဟုဆိုလေသည်။