ရှင်မာကုခရစ်ဝင် 1:8
ငါသည်သင်တို့အားရေဖြင့်ဗတ္တိဇံမင်္ဂလာကို ပေး၏။ ထိုအရှင်ကားသန့်ရှင်းသောဝိညာဉ်တော် ဖြင့် ဗတ္တိဇံမင်္ဂလာကိုပေးတော်မူလတ္တံ့'' ဟု လူတို့အားဟောပြောလေသည်။
Common Language Bible
In The King James Version
I indeed have baptized you with water: but he shall baptize you with the Holy Ghost.
In Context
Cross References
Proverbs 1:23ငါဆုံးမသော စကားကို နားထောင်၍ ပြောင်း လဲကြလော့။ ငါ့ဝိညာဉ်ကို သင်တို့အပေါ်သို့ ငါသွန်း လောင်း၍၊ ငါ့စကား၏အနက်အဓိပ္ပါယ်ကို နားလည် စေမည်။
Isaiah 44:3``ငါသည်ရေငတ်သည့်ပြည်တွင်မိုးရွာသွန်းစေမည်။ သဲကန္တာရတွင်စမ်းရေများပေါက်စေမည်။ သင်တို့၏သားသမီးများအပေါ်တွင်ငါ၏ တန်ခိုးတော်ကိုလည်းကောင်း၊ သင်တို့သားမြေးများအပေါ်တွင်ငါ၏ ကောင်းချီး မင်္ဂလာများကိုလည်းကောင်းသွန်းလောင်းမည်။
Joel 2:28``ထိုနောက်ငါသည်မိမိ၏ဝိညာဉ်တော်ကို လူအပေါင်းတို့အပေါ်သို့သွန်းလောင်းမည်။ သင်တို့သားသမီးများသည်ငါ၏ဗျာဒိတ် တော်ကို ပြန်ကြားကြလိမ့်မည်။ အသက်ကြီးသူများသည်အိပ်မက်များကို မြင်မက်ကြလျက်၊ လူငယ်လူရွယ်တို့သည်ဗျာဒိတ်ရူပါရုံများကို တွေ့မြင်ကြလိမ့်မည်။
Acts 1:5ယောဟန်သည်ရေဖြင့်ဗတ္တိဇံကိုပေး၏။ သို့ရာ တွင်သင်တို့မူကားရက်အနည်းငယ်အတွင်း၌ သန့်ရှင်းသောဝိညာဉ်တော်ဖြင့်ဗတ္တိဇံကိုခံယူကြ ရလတ္တံ့'' ဟုမိန့်တော်မူ၏။
Acts 2:17`အဆုံးစွန်သောနေ့များ၌ငါသည်လူမျိုး အပေါင်းတို့ အပေါ်သို့ငါ၏ဝိညာဉ်တော်ကိုသွန်းလောင်း မည်။ သင်တို့၏သားသမီးများသည်ငါ၏နှုတ်ကပတ် တရားတော်ကိုဟောပြောကြလိမ့်မည်။ လူပျိုလူရွယ်တို့သည်ဗျာဒိတ်ရူပါရုံများကို မြင်ကြလိမ့်မည်။ လူအိုတို့သည်အိပ်မက်များမြင်မက်ကြလိမ့်မည်။
Acts 11:15ထိုနောက်ငါသည်စ၍စကားပြောသောအခါ သန့်ရှင်းသောဝိညာဉ်တော်သည်အထက်ကငါ တို့အပေါ်သို့သက်ရောက်တော်မူသည်နည်းတူ ထိုသူတို့အပေါ်သို့လည်းသက်ရောက်တော် မူ၏။-