ရှင်မာကုခရစ်ဝင် 12:40
မုဆိုးမများ၏အိမ်များကိုမတရားသိမ်းယူ ပြီးလျှင် လူကြားကောင်းစေရန်ရှည်လျားစွာ ဆုတောင်းပတ္ထနာပြုတတ်ကြ၏။ သူတို့သည်ပို၍ ကြီးလေးသောအပြစ်ဒဏ်ကိုခံရကြလတ္တံ့'' ဟု မိန့်တော်မူ၏။
Common Language Bible
In The King James Version
In Context
Read all of ရှင်မာကုခရစ်ဝင် 12
Cross References
Micah 2:2သူတို့သည်သူတစ်ပါး၏အိမ်ကိုဖြစ်စေ၊ လယ်ယာကိုဖြစ်စေ၊ တပ်မက်လာလျှင်အနိုင် အထက်သိမ်းယူတတ်ကြသည်။ မည်သူ၏အိုး အိမ်နှင့်အမွေပစ္စည်းဟူသမျှလုံခြုံသည် ဟူ၍မရှိ။
Matthew 6:7``သင်တို့သည်ဆုတောင်းပတ္ထနာပြုသောအခါ ဘုရားသခင်ကိုမကိုးကွယ်သူတို့နည်းတူ အနက်အဋ္ဌိပ္ပါယ်မရှိသောစကားများကို မသုံးကြနှင့်။ ထိုသူတို့သည်ရှည်လျားစွာ ဆုတောင်းပတ္ထနာပြုလျှင် တောင်းသောဆုရ လိမ့်မည်ဟုထင်မှတ်ကြ၏။-
Matthew 23:13``ကြောင်သူတော်ဖာရိရှဲနှင့်ကျမ်းတတ်ဆရာတို့၊ သင်တို့သည်အမင်္ဂလာရှိကြ၏။ လူတို့ကောင်းကင် နိုင်ငံတော်သို့ဝင်မည်ပြုသောအခါသင်တို့သည် တံခါးပိတ်လိုက်ကြ၏။ သင်တို့ကိုယ်တိုင်လည်းမဝင်၊ ဝင်ရန်ကြိုးစားသူများကိုလည်းဝင်ခွင့်မပြုကြ။
Matthew 23:33အချင်းမြွေဆိုးများနှင့်မြွေဆိုး၏သားမြေး တို့၊ သင်တို့သည်ငရဲသို့လားရမည့်ဘေးဒဏ် မှအဘယ်သို့လွတ်နိုင်ကြပါမည်နည်း။-
Luke 20:47မုဆိုးမများ၏အိမ်များကိုမတရားသိမ်း ယူပြီးလျှင်လူအထင်ကြီးစေရန်ရှည်လျား စွာဆုတောင်းပတ္ထနာပြုတတ်ကြ၏။ သူတို့ သည်ပို၍ကြီးလေးသောအပြစ်ဒဏ်ကိုခံ ရကြလတ္တံ့'' ဟုမိန့်တော်မူ၏။