ရှင်မာကုခရစ်ဝင် 14:31
သို့ရာတွင်ပေတရုက ``အကျွန်ုပ်သည်အရှင် နှင့်အတူပင်သေရသော်လည်း အရှင့်ကိုမသိ ဟုငြင်းဆိုမည်မဟုတ်ပါ'' ဟုအလေးအနက် လျှောက်ထား၏။ အခြားတပည့်တော်တို့သည်လည်း ဤနည်း အတိုင်းလျှောက်ထားကြ၏။
Common Language Bible
In The King James Version
In Context
Read all of ရှင်မာကုခရစ်ဝင် 14
Cross References
Exodus 19:8ထိုအခါလူအပေါင်းတို့က``အကျွန်ုပ်တို့သည် ထာဝရဘုရားမိန့်မှာတော်မူသမျှကိုလိုက် နာပါမည်'' ဟုတညီတညွတ်တည်းပြောကြား ကြ၏။ မောရှေသည်လည်းလူအပေါင်းတို့၏ ဖြေကြားချက်ကိုထာဝရဘုရားထံလျှောက် ထားလေ၏။
1 Kings 11:22မင်းကြီးက``အဘယ်ကြောင့်နည်း။ အဘယ်အလို ဆန္ဒမပြည့်ဝ၍သင့်ပြည်သို့ပြန်လိုပါသနည်း'' ဟုမေးတော်မူ၏။ ဟာဒဒ်က``ယင်းသို့မဟုတ်ပါ။ သို့ရာတွင်ပြန် ခွင့်ပေးတော်မူပါ'' ဟုလျှောက်ထားပြီးလျှင် မိမိ၏ပြည်သို့ပြန်သွားလေ၏။ ဟာဒဒ်သည်ဧဒုံပြည်တွင်မင်းပြုလျက် ဣသ ရေလလူမျိုးကိုရွံရှာ၍ရန်မူလေသည်။
Job 40:4ကိုယ်တော်အား အဘယ်သို့ ပြန်လျှောက်ရပါမည်နည်း။ အကျွန်ုပ်သည် ကိုယ်နှုတ်ကို ကိုယ်လက်နှင့် ပိတ်ပါမည်။
Proverbs 16:18မာနသည်ပျက်စီးခြင်းအရင်၊ ထောင်လွှားသော သဘောသည် ရှုတ်ချခြင်း အရင်၌ နေရာကျတတ်၏။
Proverbs 29:23မိမိမာနသည် မိမိကိုနှိမ့်ချလိမ့်မည်။ စိတ်နှိမ့်ချ သောသူမူကား၊ ဂုဏ်အသရေကိုရလိမ့်မည်။
Jeremiah 17:9``အဘယ်သူသည်လူ၏စိတ်နှလုံးကို သိနားလည်နိုင်သနည်း။ လူ၏စိတ်နှလုံးသည်အရာခပ်သိမ်းထက် စဉ်းလဲတတ်၏။ ထိုစိတ်နှလုံးတွင်ကုသ၍မရနိုင်သောအနာ ရှိ၏။''