ရှင်မာကုခရစ်ဝင် 14:40
ထို့နောက်တပည့်တော်သုံးဦးတို့ထံသို့ကြွ လာတော်မူသောအခါ သူတို့သည်မျက်စိ လေးလံသဖြင့် တစ်ဖန်အိပ်ပျော်နေကြသည် ကိုတွေ့မြင်တော်မူ၏။ သူတို့သည်ကိုယ်တော် အားအဘယ်သို့လျှောက်ထားရမည်ကို မသိကြ။
Common Language Bible
In The King James Version
In Context
39ကိုယ်တော်သည်တစ်ဖန်ကြွတော်မူပြန်၍ အထက်နည်းအတိုင်းဆုတောင်းတော်မူ၏။-
Read all of ရှင်မာကုခရစ်ဝင် 14
Cross References
Genesis 44:16ယုဒက``ကျွန်တော်တို့သည် အရှင်အားမည်သို့ လျှောက်ထားနိုင်ပါမည်နည်း။ မည်ကဲ့သို့ဆင်ခြေ တက်နိုင်ပါမည်နည်း။ ကျွန်တော်တို့မကူးလွန် ကြောင်း မည်ကဲ့သို့သက်သေအထောက်အထား ပြနိုင်ပါအံ့နည်း။ ဘုရားသခင်ကိုယ်တော်တိုင် ကကျွန်တော်တို့၏အပြစ်ကိုဖော်ထုတ်တော် မူပါပြီ။ ဖလားနှင့်တွေ့ရသူတစ်ဦးသာမက ကျွန်တော်တို့အားလုံးအရှင့်ထံ၌ကျွန်ခံပါ မည်'' ဟုလျှောက်ထားလေ၏။
Romans 3:19ပညတ်တရားတွင်ပါရှိသည့်ပြဋ္ဌာန်းချက်မှန် သမျှသည် ပညတ်တရားစိုးမိုးမှုလက်အောက် တွင်ရှိနေသူများအတွက်ဖြစ်ကြောင်းယခု ငါတို့သိကြ၏။ ဤသို့ဖြစ်ရခြင်းအကြောင်း မှာလူတို့၏ဆင်ခြေဆင်လက်မှန်သမျှကို ရပ်စဲစေရန်နှင့် လူသားအပေါင်းတို့သည် ဘုရားသခင်၏တရားစီရင်တော်မူခြင်း ကိုခံစေရန်ဖြစ်ပေသည်။-