ရှင်မာကုခရစ်ဝင် 14:7
ဆင်းရဲသူများသည်သင်တို့နှင့်အမြဲရှိနေကြ ၏။ သင်တို့အလိုရှိသည့်အခါတိုင်းသူတို့အား ကျေးဇူးပြုနိုင်ကြ၏။ ငါမူကားသင်တို့နှင့် အမြဲရှိနေသည်မဟုတ်။-
Common Language Bible
In The King James Version
In Context
Read all of ရှင်မာကုခရစ်ဝင် 14
Cross References
Matthew 25:35သင်တို့သည်ငါဆာလောင်မွတ်သိပ်စဉ်အခါက ငါ့ကိုကျွေးမွေးကြ၏။ ငါရေငတ်စဉ်အခါက သောက်ရေကိုပေးကြ၏။ ငါသည်ဧည့်သည်ဖြစ်စဉ် အခါကဧည့်ဝတ်ကိုပြုကြ၏။-
John 12:7သခင်ယေရှုက ``ထိုအမျိုးသမီးကို မနှောင့်ယှက်နှင့်။ သူသည်ငါ့အလောင်းကို သင်္ဂြိုဟ်မည့်အချိန်အတွက်ဤဆီမွှေးကို သိမ်းထားပါလေစေ။-
John 16:5ယခုမှာမူငါ့ကိုစေလွှတ်တော်မူသောအရှင် ထံသို့ငါသွားတော့မည်။ သို့ရာတွင်ငါအဘယ် အရပ်သို့သွားမည်ကိုသင်တို့မည်သူမျှ မမေးကြ။-
John 17:11အကျွန်ုပ်သည်အထံတော်သို့လာမည်ဖြစ်၍ ဤလောကတွင်ရှိတော့မည်မဟုတ်ပါ။ ထိုသူ တို့မူကားရှိကြပါမည်။ သန့်ရှင်းမြင့်မြတ်တော် မူသောအဖ၊ ကိုယ်တော်နှင့်အကျွန်ုပ်သည်တစ် လုံးတစ်ဝတည်းဖြစ်သည်နည်းတူ ဤသူတို့ သည်လည်းတစ်လုံးတစ်ဝတည်းဖြစ်ကြ စေရန် အကျွန်ုပ်အားအပ်နှင်းထားတော်မူ သည့်နာမတော်၏တန်ခိုးဖြင့်သူတို့ကို စောင့်ထိန်းခဲ့ပါ၏။-
2 Corinthians 9:13ဤကောင်းမှု၏သာဋ္ဌကကိုထောက်၍လူ အမြောက်အမြားတို့သည်ခရစ်တော်အကြောင်း သတင်းကောင်းကိုသစ္စာရှိစွာသင်တို့ခံယူ ယုံကြည်ကြသည့်အတွက်လည်းကောင်း၊ သင် တို့၏စည်းစိမ်ချမ်းသာများကိုမိမိတို့နှင့် အခြားသူအပေါင်းတို့အား ရက်ရောစွာ ဝေမျှပေးကမ်းကြသည့်အတွက်လည်း ကောင်း ဘုရားသခင်၏ဂုဏ်ကျေးဇူးတော် ကိုချီးကူးကြပေအံ့။-
James 2:14ငါ့ညီအစ်ကိုတို့၊ လူတစ်စုံတစ်ယောက်သည် ယုံကြည်ပါသည်ဟုဆိုသော်လည်း အကျင့် အားဖြင့်သက်သေမပြနိုင်ပါမူအဘယ် အကျိုးရှိမည်နည်း။ ထိုယုံကြည်ခြင်းက သူ့အားကယ်တင်နိုင်မည်လော။-