ရှင်မာကုခရစ်ဝင် 15:42
ထိုနေ့ကား (ဥပုသ်နေ့အကြို) ပြင်ဆင်ရာအဖိတ် နေ့ဖြစ်၏။ ညနေချမ်းအချိန်ကျသောအခါ အရိမဿဲမြို့သားယောသပ်ရောက်ရှိလာ၏။ သူ သည်ဂုဏ်အသရေကြီးမြင့်သူ၊ တရားလွှတ်တော် အဖွဲ့ဝင်ဖြစ်၏။ ဘုရားသခင်၏နိုင်ငံတော်တည် မည့်အချိန်ကိုစောင့်မျှော်နေသူဖြစ်၏။ သူသည် အရဲတင်းစွာပိလတ်မင်းထံသို့ဝင်ပြီးလျှင် သခင်ယေရှု၏အလောင်းတော်ကိုတောင်းလေ၏။-
Common Language Bible
In The King James Version
And now when the even was come, because it was the preparation, that is, the day before the sabbath,
In Context
Read all of ရှင်မာကုခရစ်ဝင် 15
Cross References
Luke 23:50ယုဒပြည်အရိမဿဲမြို့သားယောသပ်နာမည် ရှိသူယုဒတရားလွှတ်တော်အဖွဲ့ဝင်တစ်ဦးရှိ ၏။ သူသည်လူကောင်းလူဖြောင့်တစ်ယောက်ဖြစ်လျက် ဘုရားသခင်၏နိုင်ငံတော်တည်မည့်အချိန် ကိုစောင့်မျှော်နေသူဖြစ်၏။ သူသည်တရားလွှတ် တော်အဖွဲ့ဝင်ဖြစ်သော်လည်း တရားလွှတ်တော် ၏ဆုံးဖြတ်ချက်နှင့်လုပ်ဆောင်ချက်ကိုသဘော မတူခဲ့ပေ။-
John 19:38ထိုနောက်အရိမဿဲမြို့သားယောသပ်သည် သခင်ယေရှု၏အလောင်းတော်ကိုယူခွင့်ပြု ရန်ပိလတ်မင်းအားတောင်းလျှောက်၏။ (ယောသပ် ကားယုဒအာဏာပိုင်တို့ကိုကြောက်သဖြင့် မထင်မရှားသခင်ယေရှု၏တပည့်တော်ဖြစ် သတည်း။) ပိလတ်မင်းခွင့်ပြုတော်မူသဖြင့် ယောသပ်သည်အလောင်းတော်ကိုလာယူ၏။-