ရှင်မာကုခရစ်ဝင် 16:9
[တနင်္ဂနွေနေ့နံနက်စောစောအချိန်၌ကိုယ်တော် သည်သြေခင်းမှထမြောက်တော်မူပြီးနောက် ဦးစွာ မာဂဒလရွာသူမာရိအားကိုယ်ထင်ပြတော်မူ၏။ မာဂဒလရွာသူမာရိထံမှနတ်မိစ္ဆာခုနစ်ဦးကို ကိုယ်တော်နှင်ထုတ်ပေးခဲ့၏။-
Common Language Bible
In The King James Version
In Context
10သူသည်ကိုယ်တော်၏တပည့်များထံသို့သွား၍ ထိုသတင်းကိုပြောကြား၏။ သူတို့သည်ငိုယို ပူဆွေးလျက်နေကြ၏။-
Read all of ရှင်မာကုခရစ်ဝင် 16
Cross References
2 Kings 5:4ဤစကားကိုကြားသောအခါနေမန်သည်မင်း ကြီးထံသို့သွား၍ သူငယ်မပြောသည့်စကား ကိုသံတော်ဦးတင်၏။-
Mark 15:40အမျိုးသမီးအချို့တို့သည်အဝေးကရပ် လျက်ကြည့်နေကြ၏။ ထိုသူတို့အထဲတွင် မာဂဒလရွာသူမာရိ၊ ယာကုပ်ငယ်နှင့် ယောသေတို့၏အမိဖြစ်သူမာရိနှင့်ရှာလုံ တို့ပါ၏။-
Luke 8:2တစ်ကျိပ်နှစ်ပါးသောတမန်တော်တို့သည်ကိုယ်တော် နှင့်အတူလိုက်ပါလာကြ၏။ အနာရောဂါဘေး၊ နတ်မိစ္ဆာဘေးမှကိုယ်တော်ကင်းလွတ်စေခဲ့သော အမျိုးသမီးအချို့တို့လည်းလိုက်ပါလာကြ၏။ ထိုသူတို့အနက်နတ်မိစ္ဆာခုနစ်ဖော်စွန့်ခွာသွား သောမာဂဒလမြို့သူမာရိ၊-
John 20:12သခင်ယေရှုအလောင်းတော်၏နေရာခေါင်းရင်း တွင်ကောင်းကင်တမန်တစ်ပါး၊ ခြေရင်းတွင် တစ်ပါး၊ ကောင်းကင်တမန်နှစ်ပါးဝတ်ဖြူစင် ကြယ်နှင့်ထိုင်နေသည်ကိုမြင်ရ၏။-
Acts 20:7ကျွန်ုပ်တို့သည်စနေနေ့ညနေ၌မိတ်သဟာ ယစားပွဲဝင်ရန်အတွက်စုဝေးကြ၏။ ပေါလု သည်နောက်တစ်နေ့တွင်ထိုမြို့မှထွက်ခွာသွား ရန်အကြံရှိသဖြင့် သန်းခေါင်အချိန်တိုင် အောင်လူတို့အားဟောပြောလျက်နေ၏။-
Revelation 1:10သခင်ဘုရားနေ့၌ဝိညာဉ်တော်သည် ငါ့ အပေါ်သို့သက်ရောက်တော်မူလျက် ငါသည် တံပိုးခရာသံနှင့်တူသောအသံကြီး တစ်ခုကိုငါ့နောက်၌ကြားရ၏။-