ရှင်မာကုခရစ်ဝင် 2:22
ထိုမှတစ်ပါးစပျစ်ရည်သစ်ကိုသားရေဘူးဟောင်း တွင်ထည့်ရိုးမရှိ။ ထည့်ခဲ့ပါမူစပျစ်ရည်သစ်သည် သားရေဘူးကိုပေါက်ပြဲစေသဖြင့် စပျစ်ရည်နှင့် သားရေဘူးပါပျက်စီးသွားလိမ့်မည်။ စပျစ်ရည် သစ်ကိုသားရေဘူးသစ်တွင်ထည့်ရမည်'' ဟုထို သူတို့အားမိန့်တော်မူ၏။
Common Language Bible
In The King James Version
In Context
Cross References
Joshua 9:13စပျစ်ရည်ထည့်စဉ်ကသားရေဘူးများသည် လည်းအသစ်ဖြစ်ပါသည်။ ယခုကြည့်ပါ၊ ဘူး များစုတ်ပြဲလျက်ရှိပါသည်။ ခရီးဝေးမှလာ ခဲ့ရသဖြင့်အကျွန်ုပ်တို့၏အဝတ်နှင့်ဖိနပ် များသည်ဟောင်းနွမ်းလျက်ရှိပါသည်'' ဟု ယောရှုအားလျှောက်ထားကြ၏။
Psalms 119:80ကွန်တော်မျိုးသည်ကိုယ်တော်ရှင်၏ပညတ်တော် တို့ကို တစ်သဝေမတိမ်းလိုက်လှောက်သဖြင့် အရေးရှုံးနိမ့်၍အရှက်ကွဲမှုနှင့် ကင်းလွတ်ပါစေသော။
Matthew 9:17ထို့အပြင်စပျစ်ရည်သစ်ကိုသားရေဘူးဟောင်း တွင်ထည့်လေ့မရှိ။ ထည့်ခဲ့ပါမူသားရေဘူးသည် ပေါက်ပြဲ၍စပျစ်ရည်ယိုထွက်ကုန်လိမ့်မည်။ သား ရေဘူးလည်းပျက်စီးသွားလိမ့်မည်။ သို့ဖြစ်၍ စပျစ်ရည်နှင့်သားရေဘူးပါမပျက်မစီးဘဲ ရှိစေရန်စပျစ်ရည်သစ်ကိုသားရေဘူးသစ်တွင် သာထည့်ရ၏'' ဟုထိုသူတို့အားမိန့်တော်မူ၏။