ရှင်မာကုခရစ်ဝင် 2:7
``ဤသူသည်အဘယ်ကြောင့်ဤသို့ဆိုပါသနည်း။ သူသည်ဘုရားသခင်ကိုပြစ်မှားပြောဆိုလေ ပြီ။ ဘုရားသခင်မှတစ်ပါးအဘယ်သူသည် အပြစ်ကိုဖြေလွှတ်နိုင်ပါမည်နည်း'' ဟူ၍ တွေးတောနေကြလေသည်။-
Common Language Bible
In The King James Version
Why doth this man thus speak blasphemies? who can forgive sins but God only?
In Context
6သို့သော်လည်းထိုအရပ်မှာထိုင်လျက်ရှိကြ သောကျမ်းတတ်ဆရာအချို့တို့က၊-
Cross References
Psalms 130:4သို့ရာတွင်ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးတို့၏ အပြစ်များကိုဖြေလွှတ်တော်မူပါ၏။ ထို့ကြောင့်ကျွန်တော်မျိုးတို့သည်ကိုယ်တော်အား ရိုသေကျိုးနွံကြပါ၏။
Daniel 9:9အကျွန်ုပ်တို့သည်ကိုယ်တော်အားပုန်ကန်ကြ သော်လည်း ကျွန်ုပ်တို့၏ဘုရားသခင်ထာဝရ ဘုရားသည် ကရုဏာထားတော်မူ၍အကျွန်ုပ် တို့၏အပြစ်များကိုဖြေလွှတ်တော်မူပါ၏။-
Matthew 9:3ကျမ်းတတ်ဆရာအချို့တို့က ``ဤသူသည် ဘုရားသခင်ကိုပြစ်မှားပြောဆိုလေပြီ'' ဟု အချင်းချင်းပြောဆိုကြ၏။
Mark 14:64ဘုရားသခင်အားထိုသူပြစ်မှားပြောဆိုသည် ကိုသင်တို့ကြားရကြပြီ။ သင်တို့မည်သို့စီရင် ချက်ချမှတ်ကြမည်နည်း'' ဟုဆို၏။ ထိုသူအားလုံးတို့က ``ပြစ်မှုထင်ရှားသဖြင့် သေဒဏ်ပေးထိုက်သည်'' ဟုစီရင်ချက်ချမှတ် ကြ၏။-
Luke 7:49ကိုယ်တော်နှင့်အတူညစာစားနေကြသူတို့ သည် ``အပြစ်ကိုပင်ဖြေလွှတ်သောဤသူကား အဘယ်သူနည်း'' ဟုအချင်းချင်းပြောဆိုကြ၏။
John 10:36ခမည်းတော်သည်ငါ့ကိုရွေးချယ်၍ ဤလောက သို့စေလွှတ်တော်မူ၏။ သို့ဖြစ်၍ `ငါသည်ဘုရား သခင်၏သားတော်ဖြစ်သည်' ဟုဆိုသောအခါ ငါသည်ဘုရားသခင်အားပြစ်မှားသည့်စကား ကိုပြောသည်ဟုအဘယ်သို့လျှင်သင်တို့ဆို နိုင်ကြသနည်း။-