ရှင်မာကုခရစ်ဝင် 3:22
ယေရုရှလင်မြို့မှရောက်လာကြသောကျမ်းတတ် ဆရာများက ``ကိုယ်တော်သည်ဗေလဇေဗုလ နတ်မိစ္ဆာစွဲကပ်သူဖြစ်သည်။ ထိုနတ်မိစ္ဆာဘုရင် ကိုအမှီပြု၍ နတ်မိစ္ဆာများကိုနှင်ထုတ်သည်'' ဟု ဆိုကြ၏။
Common Language Bible
In The King James Version
In Context
Cross References
Matthew 9:34ဖာရိရှဲတို့က ``ဤသူသည်နတ်မိစ္ဆာဘုရင်ကို အမှီပြု၍နတ်မိစ္ဆာများကိုနှင်ထုတ်ခြင်းဖြစ် သည်'' ဟုပြောဆိုကြ၏။
Matthew 11:18ဗတ္တိဇံဆရာယောဟန်သည်အစာရှောင်လျက် မသောက်မစားဘဲ သင်တို့ထံလာသောအခါ သင်တို့က `ဤသူသည်နတ်မိစ္ဆာပူးဝင်သူဖြစ် သည်' ဟုဆိုကြ၏။-
Matthew 15:1ထိုအခါယေရုရှလင်မြို့မှဖာရိရှဲများနှင့် ကျမ်းတတ်ဆရာများသည်သခင်ယေရှုထံ တော်ကိုရောက်လာကြ၏။-
Luke 5:17တစ်နေ့သ၌ကိုယ်တော်ဟောပြောသွန်သင်လျက် နေတော်မူစဉ် ဂါလိလဲပြည်နှင့်ယုဒပြည်ရှိ ကျေးရွာအပေါင်းမှလည်းကောင်း၊ ယေရုရှလင် မြို့မှလည်းကောင်းလာရောက်သောဖာရိရှဲများ နှင့်ကျမ်းတတ်ဆရာများသည်အနီးတွင်ထိုင် လျက်ရှိကြ၏။ ရောဂါများကိုပျောက်ကင်း စေရန်ထာဝရဘုရား၏တန်ခိုးတော်သည် ကိုယ်တော်၌ရှိ၏။-
John 7:20လူပရိသတ်က ``သင်သည်နတ်မိစ္ဆာပူးဝင်နေ သူဖြစ်၏။ အဘယ်သူသည်သင့်ကိုသတ်ရန် ကြိုးစားကြံစည်လျက်နေပါသနည်း'' ဟု ဆိုကြ၏။
John 8:52ယုဒအမျိုးသားတို့က ``သင်သည်နတ်မိစ္ဆာ စွဲကပ်နေသူဖြစ်ကြောင်းယခုအခါငါတို့ သိကြပါပြီ။ အာဗြဟံကားသေလွန်လေ ပြီ။ ပရောဖက်များသည်လည်းထို့အတူပင်။ သို့ပါလျက်သင်က `ငါ၏စကားကိုနာယူ သူသည်အဘယ်အခါမျှသေရလိမ့်မည် မဟုတ်' ဟုဆိုချေသည်။-