ရှင်မာကုခရစ်ဝင် 3:5
ထိုသူတို့မှာသနားကြင်နာစိတ်ကင်းမဲ့သည့် အတွက် ကိုယ်တော်သည်ဝမ်းနည်း၍အမျက်ထွက် လျက်သူတို့အားလှည့်ကြည့်တော်မူပြီးလျှင် လက်သေသူအား ``သင်၏လက်ကိုဆန့်လော့'' ဟုမိန့်တော်မူ၏။-
Common Language Bible
In The King James Version
In Context
Cross References
Judges 10:16သူတို့သည်လူမျိုးခြားတို့ကိုးကွယ်သည့် ဘုရားများကိုလည်း စွန့်ပယ်ကာထာဝရ ဘုရားအားဝတ်ပြုကိုးကွယ်ကြကုန်၏။ ကိုယ် တော်သည်လည်းထိုသူတို့ခံရသောဆင်းရဲ ဒုက္ခအတွက်ကရုဏာသက်တော်မူ၏။
1 Kings 13:6ယေရောဗောင်မင်းက``အကျွန်ုပ်၏လက်ပျောက်ကင်း စေရန် သင်၏ဘုရားသခင်ထာဝရဘုရားထံ အသနားခံပါလော့'' ဟုတောင်းပန်၏။ ပရောဖက်သည်ထာဝရဘုရားထံတော်သို့ဆု တောင်းသဖြင့် မင်းကြီး၏လက်သည်ရောဂါ ပျောက်လေ၏။-
Psalms 95:10ငါသည်အနှစ်လေးဆယ်တိုင်တိုင်ထိုသူတို့အား အမျက်ထွက်ခဲ့၏။ ``သူတို့သည်လွန်စွာသစ္စာဖောက်သူများပါ တကား။ ငါ၏ပညတ်တို့ကိုလိုက်နာရန်ငြင်းဆန်သူများ ပါတကား'' ဟုငါဆို၏။
Isaiah 42:18ထာဝရဘုရားက ``အချင်းနားဆွံ့သူတို့နားထောင်ကြလော့။ အချင်းမျက်မမြင်တို့သေချာစွာကြည့်ကြလော့။
Isaiah 63:9သူတို့ကိုကယ်တင်သူမှာကောင်းကင်တမန် မဟုတ်။ ထာဝရဘုရားကိုယ်တိုင်ဖြစ်တော် မူ၏။ ကိုယ်တော်သည်မေတ္တာကရုဏာတော် ရှိသည့်အတိုင်းသူတို့အားကယ်တင်တော် မူ၏။ အတိတ်ကာလ၌ကိုယ်တော်သည်သူ တို့အားအစဉ်အမြဲကြည့်ရှုစောင့်ရှောက် တော်မူခဲ့သော်လည်း၊-
Matthew 13:14ထို့ကြောင့်၊ `ဤသူတို့သည်ကြားလျက်နှင့်နားလည်လိမ့်မည် မဟုတ်။ မြင်လျက်နှင့်သိလိမ့်မည်မဟုတ်။