ရှင်မာကုခရစ်ဝင် 4:14
လူအချို့တို့သည်လမ်းမြေတွင်ကျသည့်မျိုးစေ့နှင့် တူ၏။ မျိုးကြဲသူသည်ဘုရားသခင်၏နှုတ်ကပတ် တရားတော်မျိုးစေ့ကိုကြဲသဖြင့် လူတို့ကြားသည် နှင့်တစ်ပြိုင်နက်စာတန်သည်လာ၍ထိုတရားတော် ကိုသူ၏စိတ်နှလုံးမှနုတ်ယူသွား၏။-
Common Language Bible
In The King James Version
In Context
Cross References
Matthew 13:19လမ်းမြေတွင်ကျသည့်မျိုးစေ့သည်နိုင်ငံတော် အကြောင်းတရားတော်ကိုကြားသော်လည်းနား မလည်သူတို့နှင့်တူ၏။ သူတို့၏စိတ်နှလုံးတွင် ကြဲထားသည့်တရားတော်မျိုးစေ့ကိုစာတန် သည်လာ၍ယူငင်သွား၏။-
Mark 2:2ထို့ကြောင့်အထံတော်သို့စုရုံးလာကြသူများ လှသဖြင့် အိမ်ဥပစာမှာခြေချစရာမရှိ တော့ပေ။ ကိုယ်တော်သည်ထိုသူတို့အားတရား တော်ကိုဟောပြောလျက်နေတော်မူ၏။-
Luke 1:2ထိုအကြောင်းအရာများကိုမျက်မြင်သက်သေ များဖြစ်၍ သခင်ယေရှုအကြောင်းသတင်းကောင်း ကိုဟောပြောသူတို့၏ပြောကြားချက်အရကျမ်း ပြုပ္ဂိုလ်တို့ကရေးသားပြုစုခဲ့ကြပါသည်။-
Acts 8:4ကွဲလွင့်သွားသည့်ယုံကြည်သူတို့သည် အရပ် ရပ်သို့သွား၍တရားတော်ကိုဟောပြောကြ၏။-
1 Peter 1:23အဘယ်ကြောင့်ဆိုသော်သင်တို့သည်သေခြင်း တရားနှင့်ကင်းသောနိစ္စထာဝရအရှင်၏ သားသမီးများဖြစ်ကြပြီးအသက်ရှင်၍ ထာဝစဉ်တည်သောနှုတ်ကပတ်တော်အား ဖြင့်တစ်ဖန်မွေးဖွားလာသူများဖြစ်ကြပြီ။