ရှင်မာကုခရစ်ဝင် 4:38
ကိုယ်တော်ကားလှေပဲ့ပိုင်းတွင် မှီအုံးတစ်ခုပေါ် မှာအိပ်စက်လျက်နေတော်မူ၏။ တပည့်တော်တို့ သည်ကိုယ်တော်ကိုနှိုးကြ၏။ ``အရှင်ဘုရား၊ အကျွန်ုပ်တို့ရေနစ်သေဆုံးမည်ကိုဂရုပြု တော်မမူပါသလော'' ဟုမေးလျှောက်ကြ၏။
Common Language Bible
In The King James Version
In Context
Cross References
1 Kings 18:27မွန်းတည့်ချိန်၌ဧလိယသည်သူတို့အား``သင် တို့သည်ပို၍အသံကျယ်စွာဆုတောင်းကြ လော့။ ဗာလကားဘုရားပေတည်း။ သူသည်ဆင် ခြင်စဉ်စားလျက်သော်လည်းကောင်း၊ တပိုတပါး သွားလျက်သော်လည်းကောင်း၊ ခရီးလွန်၍သော် လည်းကောင်းနေပေမည်။ ထိုသို့မဟုတ်လျှင်လည်း အိပ်လျက်နေကောင်းနေမည်ဖြစ်၍သူ့အား နှိုးရကြမည်'' ဟုပြက်ရယ်ပြု၍ဆို၏။-
Psalms 10:1အို ထာဝရဘုရား၊ ကိုယ်တော်ရှင်သည်အဘယ်ကြောင့်အဝေး၌ နေတော်မူပါသနည်း။ ကျွန်တော်မျိုးတို့ဒုက္ခရောက်ချိန်၌အဘယ် ကြောင့် မျက်နှာတော်ကိုလွှဲတော်မူပါသနည်း။
Psalms 44:23အို ထာဝရဘုရား၊ နိုးထတော်မူပါ။ ကိုယ်တော်ရှင်သည်အဘယ်ကြောင့်ကျိန်းစက်၍ နေတော်မူပါသနည်း။ ထတော်မူပါ။ ကျွန်တော်မျိုးတို့အားထာဝစဉ်ပစ်ပယ်တော်မမူပါနှင့်။
Isaiah 40:27အို ဣသရေလအမျိုးသားတို့၊ ထိုသို့ဖြစ်ပါမူ ထာဝရဘုရားသည်သင်တို့၏ဆင်းရဲဒုက္ခ များကို သိတော်မမူဟူ၍သော်လည်းကောင်း သင်တို့၏အမှုကိစ္စများအဆင်ပြေရေးအတွက် စိတ်ဝင်စားတော်မမူဟူ၍သော်လည်းကောင်း အဘယ်ကြောင့်သင်တို့သည် ညည်းညူကြပါသနည်း။
Isaiah 51:9အို ထာဝရဘုရား၊နိုးထတော်မူ၍ ကျွန်တော်မျိုးတို့အားကူမတော်မူပါ။ ကိုယ်တော်ရှင်၏အစွမ်းတန်ခိုးတော်အားဖြင့် ကျွန်တော်မျိုးတို့အားကယ်တော်မူပါ။ နိုးထတော်မူ၍ရှေးပဝေသဏီကာလ၌ ကဲ့သို့ပင် တန်ခိုးတော်ကိုအသုံးပြုတော်မူပါ။ ပင်လယ်နဂါးကြီးရာခပ်အား အပိုင်းပိုင်းဖြတ်တော်မူသောသူကား ကိုယ်တော်ရှင်ပင်ဖြစ်ပါ၏။
Isaiah 63:15အို ထာဝရဘုရား၊ သန့်ရှင်းမြင့်မြတ်၍ဘုန်း အသရေတော်တောက်ပရာကောင်းကင်ဘုံတည်း ဟူသော ကိုယ်တော်ရှင်ကျိန်းဝပ်တော်မူရာအရပ် မှနေ၍ကျွန်တော်မျိုးတို့အားငုံ့၍ကြည့်တော် မူပါ။ ကျွန်တော်မျိုးတို့အတွက်ကိုယ်တော်ရှင် စိုးရိမ်ကြောင့်ကြတော်မူသည်ကားအဘယ်မှာ နည်း။ ကိုယ်တော်ရှင်၏တန်ခိုးတော်သည်အဘယ် မှာနည်း။ ကိုယ်တော်ရှင်၏မေတ္တာနှင့်သနားကြင် နာမှုသည်အဘယ်မှာနည်း။ ကျွန်တော်မျိုး တို့အားလျစ်လူရှုတော်မမူပါနှင့်။-