ရှင်မာကုခရစ်ဝင် 4:40
ထိုနောက်ကိုယ်တော်ကတပည့်တော်တို့အား ``အဘယ်ကြောင့်ဤမျှကြောက်လန့်ကြသနည်း။ ယခုတိုင်အောင်ပင်သင်တို့သည် ငါ့အပေါ်၌ ယုံကြည်ကိုးစားမှုကင်းလျက်ရှိနေကြသေး သနည်း'' ဟုမေးတော်မူ၏။
Common Language Bible
In The King James Version
And he said unto them, Why are ye so fearful? how is it that ye have no faith?
In Context
Cross References
Psalms 46:1ဘုရားသခင်သည်ငါတို့ခိုလှုံရာ၊ ငါတို့စွမ်းအားဖြစ်တော်မူ၏။ ဒုက္ခရောက်ချိန်၌ငါတို့အားကူမရန်အစဉ်ပင် အသင့်ရှိတော်မူ၏။
Isaiah 43:2သင်တို့သည်ရေနက်ထဲသို့လျှောက်သွားရသောအခါ ငါသည်သင်တို့နှင့်အတူရှိမည်။ ဆင်းရဲဒုက္ခများသည်သင်တို့ကိုလွှမ်းမိုး ရလိမ့်မည်မဟုတ်။ သင်တို့သည်မီးထဲသို့လျှောက်သွားရသော အခါ မီးအလောင်ခံရကြလိမ့်မည်မဟုတ်။ ပြင်းထန်သောစုံစမ်းခြင်းများသည်သင်တို့ကို ထိခိုက်နစ်နာစေလိမ့်မည်မဟုတ်။
Matthew 8:26ကိုယ်တော်က ``ယုံကြည်မှုနည်းသူတို့၊ သင်တို့ အဘယ်ကြောင့်ကြောက်လန့်သနည်း'' ဟုမိန့်တော် မူပြီးနောက် အိပ်စက်ရာမှထတော်မူ၍လေနှင့် လှိုင်းများကိုဆုံးမတော်မူ၏။ လေနှင့်လှိုင်းတို့ သည်ငြိမ်သက်သွားကြ၏။
Matthew 16:8ယင်းသို့ပြောဆိုနေသည်ကိုသခင်ယေရှုသိတော် မူသဖြင့် ``သင်တို့သည်အစားအစာမပါသည် ကိုအဘယ်ကြောင့်ဆွေးနွေးနေကြသနည်း။-
John 6:19တပည့်တော်တို့သည်သုံးလေးမိုင်ခန့်လှော်ခတ် ပြီးသောအခါ သခင်ယေရှုရေပေါ်မှာစက်တော် ဖြန့်၍ မိမိတို့အနီးသို့ကြွလာသည်ကိုမြင် ကြ၏။ ထိုအခါသူတို့သည်ကြောက်လန့်ကြ၏။-