ရှင်မာကုခရစ်ဝင် 5:30
သခင်ယေရှုသည်အထံတော်မှတန်ခိုးထွက်သွား သည်ကိုချက်ချင်းသိတော်မူ၏။ ပရိသတ်ဘက်သို့ လှည့်တော်မူ၍ ``ငါ၏အဝတ်ကိုမည်သူတို့ထိ သနည်း'' ဟုမေးတော်မူ၏။
Common Language Bible
In The King James Version
In Context
Cross References
Luke 5:17တစ်နေ့သ၌ကိုယ်တော်ဟောပြောသွန်သင်လျက် နေတော်မူစဉ် ဂါလိလဲပြည်နှင့်ယုဒပြည်ရှိ ကျေးရွာအပေါင်းမှလည်းကောင်း၊ ယေရုရှလင် မြို့မှလည်းကောင်းလာရောက်သောဖာရိရှဲများ နှင့်ကျမ်းတတ်ဆရာများသည်အနီးတွင်ထိုင် လျက်ရှိကြ၏။ ရောဂါများကိုပျောက်ကင်း စေရန်ထာဝရဘုရား၏တန်ခိုးတော်သည် ကိုယ်တော်၌ရှိ၏။-
Luke 8:46သို့ရာတွင်သခင်ယေရှုက ``လူတစ်စုံတစ်ယောက် သည်အမှန်ပင်ငါ့ကိုတို့ထိလေပြီ။ ငါ၏ကိုယ်မှ တန်ခိုးထွက်သွားသည်ကိုငါသိ၏'' ဟုမိန့်တော် မူ၏။-