ရှင်မာကုခရစ်ဝင် 6:11
သင်တို့ကိုလက်မခံသည့်အရပ်တွင်မနေကြနှင့်။ သင်တို့ဟောပြောသွန်သင်သည်ကိုနားမထောင် သူများထံမှထွက်ခွာသွားကြလော့။ ထွက်ခွာ သွားသည့်အခါတွင်သူတို့ကိုသတိပေးသည့် အနေဖြင့် သင်တို့ခြေဖဝါးမှမြေမှုန့်ကို ခါချခဲ့ကြလော့'' ဟုမှာကြားတော်မူ၏။
Common Language Bible
In The King James Version
In Context
12တပည့်တော်တို့သည်ထွက်သွား၍လူတို့ နောင်တရကြစေရန်ဟောပြောကြ၏။-
Cross References
Ezekiel 16:48အရှင်ထာဝရဘုရားက``ငါသည်အသက် ရှင်တော်မူသောဘုရားဖြစ်တော်မူသည်နှင့် အညီ သင်၏ညီမသောဒုံမြို့နှင့်သူ့သမီး တို့သည် သင်နှင့်သင့်သမီးများပြုကျင့်ခဲ့ သည့်ဆိုးညစ်မှုမျိုးကိုအဘယ်အခါက မျှမပြုမကျင့်ခဲ့ကြ။-
Matthew 11:20အံ့သြဖွယ်နိမိတ်လက္ခဏာများကိုပြတော် မူခဲ့သည့်မြို့များသည်နောင်တမရကြသဖြင့် ကိုယ်တော်သည်ထိုမြို့တို့အားဤသို့ပြစ်တင် ဆုံးမတော်မူ၏။ ကိုယ်တော်က၊
Luke 9:5သင်တို့အားလက်မခံသူများကိုမူသတိ ပေးသည့်အနေဖြင့် ထိုမြို့မှထွက်ခွာချိန်၌ သင်တို့ခြေဖဝါးမှမြေမှုန့်ကိုခါချခဲ့ကြ လော့'' ဟုမိန့်တော်မူ၏။
John 15:22ငါသည်လာ၍သူတို့အားမဟောမပြောပါက သူတို့အပြစ်ကူးလွန်မိမည်မဟုတ်။ ယခုမှာမူ သူတို့သည်မိမိတို့အပြစ်ကူးလွန်မှုအတွက် အဘယ်သို့မျှအကြောင်းမပြနိုင်တော့ပြီ။-
Acts 18:6ယုဒအမျိုးသားတို့သည်သူ့ကိုအတိုက်အခံ ပြု၍ ပုတ်ခတ်ပြောဆိုသောအခါပေါလုသည် မိမိအဝတ်မှဖုံများကိုခါချ၍ ``သင်တို့ သေကြေပျက်စီးကြလျှင်သင်တို့၏တာဝန် ပင်ဖြစ်၏။ ငါ့မှာတာဝန်မရှိတော့ပြီ။ ယခု မှအစပြု၍ငါသည်လူမျိုးခြားတို့အား တရားဟောတော့အံ့'' ဟုဆို၏။-
Romans 2:16သို့ဖြစ်၍ငါဟောပြောကြေညာသည့်သတင်း ကောင်းအရ တရားစီရင်တော်မူရာနေ့၌ ဘုရား သခင်သည်ယေရှုခရစ်အားဖြင့်လူခပ်သိမ်း တို့၏လျှို့ဝှက်သောအကြံအစည်များကို ထို သို့စစ်ဆေးစီရင်တော်မူပေအံ့။