ရှင်မာကုခရစ်ဝင် 6:38
ကိုယ်တော်က ``သင်တို့ထံတွင်အစားအစာမည် မျှရှိသနည်း။ သွား၍ကြည့်ကြလော့'' ဟုမိန့်တော် မူ၏။ သူတို့သည်ကြည့်၍တွေ့သောအခါ ``မုန့်ငါးလုံး နှင့်ငါးနှစ်ကောင်ရှိပါသည်'' ဟုလျှောက်ကြ၏။
Common Language Bible
In The King James Version
In Context
Cross References
Matthew 15:34သခင်ယေရှုက ``သင်တို့တွင်မုန့်မည်မျှရှိ သနည်း'' ဟုမေးတော်မူသော်၊ ``မုန့်ခုနစ်လုံးနှင့်ငါးအနည်းငယ်ရှိပါသည်'' ဟုပြန်လျှောက်ကြ၏။
Luke 9:13ကိုယ်တော်က ``သင်တို့ပင်ထိုသူတို့အားစား စရာကိုကျွေးမွေးကြလော့'' ဟုမိန့်တော်မူ၏။ တပည့်တော်တို့က ``အကျွန်ုပ်တို့သည်ဤလူထု အတွက်အစားအစာများကိုသွား၍ဝယ်ရ ပါမည်လော။ အကျွန်ုပ်တို့ထံမှာမုန့်ငါးလုံး နှင့်ငါးနှစ်ကောင်သာရှိပါ၏'' ဟုပြန်လည် လျှောက်ထားကြ၏။-