ရှင်မာကုခရစ်ဝင် 7:15
လူ၏အပြင်အပမှဝင်သည့်အရာသည်လူကို မညစ်ညမ်းစေနိုင်။ အတွင်းမှထွက်သည့်အရာ သည်သာလူကိုညစ်ညမ်းစေနိုင်၏။-
Common Language Bible
In The King James Version
In Context
16(နားရှိသူတို့ကြားကြကုန်လော့)'' ဟု မိန့်တော်မူ၏။-
Cross References
Matthew 12:34အချင်းမြွေဆိုးအမျိုးတို့၊ သင်တို့သည်ဆိုးယုတ် သူများဖြစ်သဖြင့် အဘယ်သို့လျှင်ကောင်းမြတ် သည့်စကားကိုပြောနိုင်ကြပါမည်နည်း။ စိတ် နှလုံး၌ပြည့်လျှံနေသည့်အရာများကိုနှုတ် ကဖော်ပြတတ်၏။-
Mark 7:18ကိုယ်တော်က ``သင်တို့သည်ဤမျှပင်အသိဉာဏ် ကင်းမဲ့လျက်နေကြသလော။ လူ၏အတွင်းသို့ ပြင်ပမှဝင်သည့်အရာတစ်စုံတစ်ခုမျှစိတ် နှလုံးထဲသို့မဝင်။ အစာအိမ်သို့သာဝင်ပြီး လျှင် အိမ်သာတွင်းသို့သက်ဆင်းသွားသောကြောင့် လူ၏ကိုယ်တွင်းသို့ဝင်သည့်အရာသည် လူကို မညစ်ညမ်းစေနိုင်ကြောင်းကို သင်တို့နားမ လည်ကြသလော'' ဟုမိန့်တော်မူ၏။ (ဤသို့ မိန့်တော်မူခြင်းအားဖြင့် မစားအပ်သည့် အစားအစာဟူ၍မရှိကြောင်းရှင်းပြ တော်မူသတည်း။)
Acts 10:28ထိုသူတို့အားပေတရုက ``ယုဒအမျိုးသား သည်လူမျိုးခြားများနှင့်မပေါင်းမသင်းရ ဟူ၍လည်းကောင်း၊ သူတို့၏ထံသို့အလည် အပတ်မသွားရဟူ၍လည်းကောင်း၊ ဘာသာ တရားကတားမြစ်သည်ကိုသင်တို့သိကြ၏။ သို့သော်မည်သူ့ကိုမျှဘာသာရေးထုံးနည်း အရညစ်ညမ်းသူသို့မဟုတ် မသန့်စင်သူ ဟူ၍မခေါ်စေရန် ဘုရားသခင်သည်ငါ့ အားဖော်ပြတော်မူပြီ။-
Acts 15:20သို့ရာတွင်ရုပ်တုအားပူဇော်ထားသဖြင့် မသန့် စင်သည့်အစားအစာများကိုစားခြင်း၊ ကာမ ဂုဏ်လိုက်စားခြင်း၊ လည်လိမ်သားနှင့်သွေးကို စားသုံးခြင်းတို့ကိုမူရှောင်ရှားကြစေရန် စာရေး၍အကြောင်းကြားသင့်သည်ဟုငါ ယူဆ၏။-
1 Corinthians 10:25သင်တို့၏သြတ္တပ္ပစိတ်ကိုထောက်၍ စျေးတွင်ရောင်း သည့်အမဲသားကိုစစ်ဆေးမေးမြန်းခြင်းမပြု ဘဲဝယ်၍စားကြလော့။-