ရှင်မာကုခရစ်ဝင် 9:17
ပရိသတ်ထဲမှလူတစ်ယောက်က ``ဆရာတော်၊ အကျွန်ုပ်သည်မိမိ၏သားငယ်ကိုအထံတော် သို့ခေါ်ခဲ့ပါသည်။ သူသည်ဆွံ့အသည့်နတ် ပူးဝင်နေသူဖြစ်ပါသည်။-
Common Language Bible
In The King James Version
In Context
Cross References
Matthew 12:22နတ်မိစ္ဆာပူးဝင်နေသဖြင့်မျက်စိမမြင်၊ ဆွံ့အ နေသူလူတစ်ယောက်ကို လူအချို့တို့သည်အထံ တော်သို့ခေါ်ခဲ့ကြ၏။ ကိုယ်တော်သည်နတ်မိစ္ဆာကို နှင်ထုတ်တော်မူသဖြင့် ထိုသူသည်မျက်စိမြင် လာပြီးလျှင်စကားပြောလေ၏။-
Mark 5:23သူသည်ကိုယ်တော်ကိုမြင်သောအခါခြေတော်ရင်း တွင်ပျပ်ဝပ်လျက် ``အကျွန်ုပ်၏သမီးငယ်သည်သေလု နီးပါးဖြစ်နေပါသည်။ သူ့အားရောဂါပျောက်လျက် အသက်ရှင်စေရန် ကိုယ်တော်ကြွတော်မူ၍သူ၏ အပေါ်၌လက်တော်ကိုတင်တော်မူပါ'' ဟုအနူး အညွတ်လျှောက်ထားတောင်းပန်၏။
Mark 9:25အထံတော်သို့လူပရိသတ်များပြေးလာကြ သည်ကိုကိုယ်တော်မြင်တော်မူလျှင် ``ဆွံ့အနားပင်း သောနတ်၊ သူငယ်ထံမှထွက်လော့။ အဘယ်အခါမျှ ပြန်၍မပူးမဝင်နှင့်၊ ငါအမိန့်ရှိသည်'' ဟုညစ် ညမ်းသောနတ်အားမိန့်တော်မူ၏။-
Luke 9:38ပရိသတ်ထဲမှလူတစ်ယောက်က ``ဆရာတော်၊ အကျွန်ုပ်၏သားကိုကြည့်ရှုတော်မူရန်တောင်း ပန်ပါ၏။ သူသည်အကျွန်ုပ်၏တစ်ဦးတည်းသော သားဖြစ်ပါ၏။-
John 4:47ထိုအရာရှိသည်ယုဒပြည်မှဂါလိလဲ ပြည်သို့သခင်ယေရှုကြွလာတော်မူကြောင်း ကိုကြားသဖြင့် အထံတော်သို့သွား၍သေ ခါနီးဖြစ်သော မိမိသား၏အနာရောဂါ ကိုပျောက်ကင်းစေတော်မူပါမည့်အကြောင်း လျှောက်ထား၏။-