ရှင်မာကုခရစ်ဝင် 9:32
တပည့်တော်တို့သည်ကိုယ်တော်၏စကားတော်ကို နားမလည်ကြ။ သို့ရာတွင်ကိုယ်တော်အားမမေး မလျှောက်ဝံ့ကြ။
Common Language Bible
In The King James Version
But they understood not that saying, and were afraid to ask him.
In Context
Cross References
Mark 8:17ယင်းသို့ပြောဆိုနေသည်ကိုသခင်ယေရှုသိ တော်မူလျှင် ``သင်တို့သည်စားစရာမပါသည့် အဖြစ်ကိုအဘယ်ကြောင့်ပြောဆိုနေကြသနည်း။ ယခုတိုင်အောင်မသိနားမလည်သေးသလော။ သင်တို့၏အသိဉာဏ်သည်အဘယ်ကြောင့်ဤမျှ ထိုင်းမှိုင်းနေသနည်း။-
Mark 9:10သူတို့သည်ဤအမိန့်ကိုလိုက်နာကြသော်လည်း ``သေခြင်းမှထမြောက်သည်ဆိုသည်ကားအဘယ် နည်း'' ဟုအချင်းချင်းဆွေးနွေးလျက်နေကြ၏။-
Luke 2:50သူတို့သည်ထိုစကားကိုနားမလည်ကြ။
Luke 18:34သို့ရာတွင်တပည့်တော်တို့သည်ကိုယ်တော်၏ စကားတစ်ခွန်းကိုမျှနားမလည်ကြ။ ထို စကားများ၏အနက်အဋ္ဌိပ္ပါယ်သည်ကွယ်ဝှက် လျက်နေသဖြင့် ကိုယ်တော်၏မိန့်တော်မူချက် ကိုနားမလည်ကြ။
John 4:27ထိုအချိန်၌တပည့်တော်တို့ပြန်ရောက်လာ ကြ၏။ သူတို့သည်အမျိုးသမီးနှင့်ကိုယ်တော် စကားပြောလျက်နေသည်ကိုတွေ့ရသဖြင့် အံ့သြကြ၏။ သို့ရာတွင်အမျိုးသမီးအား ``အဘယ်အရာကိုအလိုရှိပါသနည်း'' ဟူ၍လည်းကောင်း၊ ကိုယ်တော်အား ``အဘယ် ကြောင့်ထိုအမျိုးသမီးနှင့်စကားပြော လျက်နေတော်မူပါသနည်း'' ဟူ၍လည်း ကောင်းအဘယ်သူမှမမေးလျှောက်ကြ။
John 16:19သခင်ယေရှုသည်မိမိအားထိုသူတို့လျှောက် ထားမေးမြန်းလိုကြောင်းသိတော်မူသဖြင့် ``သင် တို့အချင်းချင်းအဘယ်အကြောင်းကိုမေးမြန်း ပြောဆိုလျက်နေကြသနည်း။ `အချိန်အနည်း ငယ်ကြာလျှင်သင်တို့ငါ့ကိုတွေ့မြင်ကြတော့ မည်မဟုတ်' ဟူ၍လည်းကောင်း၊ ထိုနောက် `အချိန် အနည်းငယ်ကြာပြန်သော်ငါ့ကိုပြန်၍တွေ့ မြင်ကြလိမ့်မည်' ဟူ၍လည်းကောင်းငါပြော သောစကားများနှင့်ပတ်သက်၍လော။-