ရှင်မာကုခရစ်ဝင် 9:44
(လောက်ကောင်များမသေ၊ မီးမငြိမ်းရာ) ငရဲမီး ထဲသို့လက်နှစ်ဖက်အစုံအလင်နှင့်ကျရောက် ရသည်ထက်၊ လက်တစ်ဖက်ချို့တဲ့လျက်ထာဝရ အသက်ကိုရခြင်းကသာ၍ကောင်း၏။-
Common Language Bible
In The King James Version
Where their worm dieth not, and the fire is not quenched.
In Context
43သင်၏လက်သည်သင်၏ယုံကြည်ခြင်းကိုပျက် ပြားစေလျှင် ထိုလက်ကိုဖြတ်ပစ်လော့။-
45သင်၏ခြေသည်သင်၏ယုံကြည်ခြင်းကိုပျက် ပြားစေလျှင် ထိုခြေကိုဖြတ်ပစ်လော့။-
Cross References
Isaiah 33:14အပြစ်ကူးလွန်သည့်ဇိအုန်မြို့သူမြို့သား တို့သည်ကြောက်ရွံ့တုန်လှုပ်၍နေကြ၏။ သူ တို့က``ဘုရားသခင်၏တရားစီရင်တော် မူချက်သည် ထာဝစဉ်တောက်လောင်နေသော မီးနှင့်တူ၏။ ဤသို့သောမီးမှငါတို့လွတ် မြောက်၍အသက်မသေဘဲကျန်ရှိနိုင်ကြ ပါမည်လော'' ဟုဆိုကြ၏။-
Matthew 3:12လက်တော်တွင်စပါးလှေ့ရန်ဆန်ကောကိုကိုင်၍ ထားတော်မူ၏။ မိမိ၏ကောက်နယ်တလင်းကို ရှင်းလင်းပြီးနောက် ဂျုံစပါးကိုကျီတွင်စုသိမ်း ထားတော်မူလိမ့်မည်။ အဖျင်းများကိုမူငြိမ်း သတ်၍မရနိုင်သောမီးနှင့်ရှို့တော်မူလိမ့်မည်'' ဟုဟောပြော၏။
Matthew 25:46ထို့ကြောင့်ထိုသူတို့သည်ထာဝရအပြစ်ဒဏ်ခံ ရကြလိမ့်မည်။ သူတော်ကောင်းတို့မူကားထာဝရ ချမ်းသာသို့ဝင်စားရကြလိမ့်မည်'' ဟုမိန့်တော် မူ၏။
Mark 9:48ထိုနေရာသည်ဖျက်ဆီးနေသောလောက်ကောင်များ မသေ၊ မီးမငြိမ်းရာနေရာဖြစ်သည်။
Revelation 14:10ဘုရားသခင်၏အမျက်တော်ဖလားမှ ပြင်း ထန်သောအမျက်တော်တည်းဟူသောစပျစ် ရည်ကိုသောက်ရလိမ့်မည်။ မြင့်မြတ်သန့်ရှင်း သောကောင်းကင်တမန်များနှင့်သိုးသူငယ် တော်၏ရှေ့၌ ကန့်နှင့်မီးထဲတွင်နှိပ်စက်ညှဉ်း ဆဲခြင်းကိုခံရလိမ့်မည်။-
Revelation 20:15(ထိုမီးအိုင်ကားဒုတိယသေခြင်းတည်း။) အသက် စာစောင်တွင်စာရင်းမဝင်သူရှိသမျှတို့သည် မီးအိုင်ထဲသို့ပစ်ချခြင်းကိုခံရကြ၏။