ရှင်မဿဲခရစ်ဝင် 1:12
ဗာဗုလုန်မြို့သို့ဣသရေလအမျိုးသားတို့ဖမ်းဆီး ခေါ်ဆောင်ခြင်းခံရပြီးနောက်၊ ယေခေါနိရသောသား သည်ရှာလသေလ၊ ရှာလသေလ၏သားမှာဇေရုဗ ဗေလဖြစ်၏။-
Common Language Bible
In The King James Version
And after they were brought to Babylon, Jechonias begat Salathiel; and Salathiel begat Zorobabel;
In Context
13ဇေရုဗဗေလ၏သားသည်အဗျုဒ်၊ အဗျုဒ်၏သားမှာ ဧလျာကိမ်၊ ဧလျာကိမ်၏သားကားအာဇော်ဖြစ်၏။-
Cross References
1 Chronicles 3:17ဗာဗုလုန်အမျိုးသားတို့ဖမ်းဆီးထိန်းသိမ်း သွားသည့် ယေခေါနိမင်းတွင်သားတော်ခုနစ် ပါးရှိ၏။ ထိုမင်း၏သားများမှာရှာလ သေလ၊-
Ezra 3:2ယောဇဒက်၏သားယောရှုနှင့်အဖော်ယဇ်ပုရော ဟိတ်များ၊ ရှာလသေလ၏သားဇေရုဗဗေလ နှင့်တကွ သူ၏ဆွေမျိုးသားချင်းများသည် ဘုရားသခင်၏အစေခံမောရှေစီရင်သည့် ပညတ်ကျမ်းတွင်ပါရှိသောညွှန်ကြားချက် များအတိုင်း ယဇ်များကိုမီးရှို့ပူဇော်နိုင် ရန်ယဇ်ပလ္လင်ကိုတည်ဆောက်ကြ၏။-
Nehemiah 12:1ရှာလသေလ၏သားဇေရုဗဗေလ၊ ယဇ်ပုရောဟိတ်မင်းယောရှုတို့နှင့်အတူပြည်နှင်ဒဏ်သင့်ရာမှပြန်လာကြသူယဇ်ပုရောဟိတ်များနှင့်လေဝိအနွယ်ဝင်များ၏စာရင်းကိုဖော်ပြပေအံ့။
Jeremiah 22:28ယေရမိက``ယေခေါနိသည် အဘယ်သူမျှ အလိုမရှိ၍စွန့်ပစ်လိုက်သော အိုးကွဲကဲ့ သို့ဖြစ်၍နေပါပြီလော။ ထိုကြောင့်သူနှင့် သူ၏သားသမီးများသည် မိမိတို့မသိ ဘူးသည့်ပြည်သို့အနှင်ခံရကြပါ သလော။''
Haggai 1:12ထိုအခါရှာလသေလ၏သားဇေရုဗ ဗေလ၊ ယဇ်ပုရောဟိတ်မင်းယောဇဒတ်၏ သားယောရှုနှင့်ကျန်ကြွင်းသောပြည်သူ အပေါင်းတို့သည် မိမိတို့ဘုရားသခင် ထာဝရဘုရားမိန့်မှာစေခိုင်းတော်မူသည့် အမှုတို့ကိုပြုကြ၏။ သူတို့သည်ကြောက် လန့်သဖြင့် ထာဝရဘုရား၏စေလွှတ် တော်မူသောတမန်တော်ပရောဖက်ဟ္ဂဲ ပြောဆိုသည့်စကားကိုနားထောင်ကြ၏။-
Haggai 2:2ကိုယ်တော်ကဟ္ဂဲအားဤသို့ပြောကြားစေ တော်မူပါ၏။ ကိုယ်တော်က၊ သင်သည်ယုဒ ဘုရင်ခံဇေရုဗဗေလ၊ ယဇ်ပုရောဟိတ် မင်းယောဇဒတ်၏သားယောရှုနှင့်ကျန် ကြွင်းသောပြည်သူတို့အား၊-