ရှင်မဿဲခရစ်ဝင် 1:16
ယာကုပ်၏သားသည်မာရိ၏ခင်ပွန်းဖြစ်သူယောသပ် ဖြစ်၏။ မာရိကားမေရှိယဟုခေါ်ဝေါ်သမုတ်ခြင်း ခံရသောသခင်ယေရှု၏မယ်တော်တည်း။
Common Language Bible
In The King James Version
And Jacob begat Joseph the husband of Mary, of whom was born Jesus, who is called Christ.
In Context
15ဧလုဒ်၏သားသည်ဧလာဇာ၊ ဧလာဇာ၏သားမှာ မဿန်၊ မဿန်၏သားကားယာကုပ်ဖြစ်၏။-
Cross References
Matthew 2:13ပညာရှိများထွက်ခွာသွားကြပြီးနောက်ယောသပ် သည် ထာဝရဘုရား၏ကောင်းကင်တမန်တစ်ပါး ကိုအိပ်မက်တွင်မြင်ရ၏။ ကောင်းကင်တမန်က ``ထ လော့၊ သူငယ်တော်နှင့်မယ်တော်ကိုခေါ်၍အီဂျစ် ပြည်သို့ထွက်ပြေးလော့။ ဟေရုဒ်မင်းသည်သူငယ် တော်ကိုသတ်ရန်ရှာလိမ့်မည်။ သင်တို့အားပြန် လာရန်ငါအမိန့်မပေးမချင်းထိုအရပ်တွင် နေလော့'' ဟုဆို၏။-
Matthew 27:22ပိလတ်မင်းက ``သို့ဖြစ်လျှင်ခရစ်တော်ဆိုသူ ကိုငါအဘယ်သို့ပြုရမည်နည်း'' ဟုမေး၏။ ထိုသူအပေါင်းတို့က ``သူ့အားလက်ဝါးကပ် တိုင်တွင်တင်၍သတ်ပါ'' ဟုဆိုကြ၏။
Luke 1:27ထိုမိန်းမပျိုသည်ဒါဝိဒ်မင်းမှဆင်းသက်သူ ယောသပ်နာမည်ရှိအမျိုးသားတစ်ဦးနှင့် ထိမ်းမြားရန်စေ့စပ်ကြောင်းလမ်းထားသူ ဖြစ်၏။-
Luke 2:4ယောသပ်သည်လည်းမိမိထိမ်းမြားရန်သစ္စာ ကတိပြုထားသူမာရိနှင့်အတူ ဂါလိလဲပြည် နာဇရက်မြို့မှယုဒပြည်ဗက်လင်မြို့ဟုနာမည် တွင်သောဒါဝိဒ်မင်း၏မြို့သို့သွား၏။ ထိုအခါ မာရိတွင်ကိုယ်ဝန်အရင့်အမာရှိ၏။ ယောသပ် သည်ဒါဝိဒ်မင်း၏အဆက်အနွယ်ဖြစ်သော ကြောင့်ဗက်လင်မြို့သို့သွားခြင်းဖြစ်၏။-
Luke 2:10ကောင်းကင်တမန်က ``မကြောက်ကြနှင့်၊ ငါသည် လူအပေါင်းတို့အလွန်ဝမ်းမြောက်စရာသတင်း ကောင်းကိုသင်တို့ထံသို့ယူဆောင်လာ၏။-
Luke 3:23အမှုတော်စတင်ဆောင်ရွက်ချိန်၌သခင်ယေရှု သည်အသက်သုံးဆယ်ခန့်ရှိတော်မူ၏။ လူတို့ထင် မြင်ယူဆချက်အရကိုယ်တော်သည်ယောသပ်၏ သားဖြစ်၏။ ယောသပ်သည်ဧလိ၏သားတည်း။-