ရှင်မဿဲခရစ်ဝင် 10:22
သင်တို့သည်ငါ၏အတွက်ကြောင့်အမုန်းခံရကြ လိမ့်မည်။ သို့ရာတွင်အဆုံးတိုင်အောင်တည်ကြည် သူကိုကယ်တင်တော်မူလိမ့်မည်။-
Common Language Bible
In The King James Version
And ye shall be hated of all men for my name’s sake: but he that endureth to the end shall be saved.
In Context
Cross References
Isaiah 66:5ကိုယ်တော်အားကြောက်ရွံ့ရိုသေကာစကား တော်ကိုကြားနာကြသူတို့၊ သင်တို့သည် ထာဝရဘုရားမိန့်တော်မူသည်ကိုနား ထောင်ကြလော့။ သင်တို့သည်ငါ့အားသစ္စာ စောင့်ကြသည်ဖြစ်၍သင်တို့အမျိုးသား အချို့တို့သည်သင်တို့ကိုမုန်း၍ဝိုင်းပယ် ကြ၏။ သူတို့သည်သင်တို့အားပြောင်လှောင် ကာ``ငါတို့သည်သင်တို့ရွှင်လန်းဝမ်းမြောက် သည်ကိုမြင်လိုပါ၏။ သို့ဖြစ်၍ထာဝရ ဘုရားသည်ကြီးမြတ်သည့်တန်ခိုးတော် ကိုပြ၍ကယ်တော်မူပါလေစေ'' ဟုဆို ကြ၏။ သို့ရာတွင်ထိုသူတို့သည်အရှက် ကွဲကြရမည့်သူများဖြစ်ပေသည်။-
Matthew 5:11``လူတို့သည်ငါ့ကြောင့်သင်တို့ကိုကဲ့ရဲ့ညှဉ်းဆဲ လျက် မဟုတ်မမှန်ဘဲအမျိုးမျိုးပြစ်တင်စွပ်စွဲကြသော အခါ၊ သင်တို့သည်မင်္ဂလာရှိကြ၏။
Matthew 24:9``ထိုနောက်လူတို့သည်သင်တို့အားအပြစ်ဒဏ် ခံရကြစေရန်နှင့်အသတ်ခံရကြစေရန် အာဏာပိုင်တို့ထံသို့ပေးအပ်ကြလိမ့်မည်။ လူခပ်သိမ်းတို့သည်ငါ၏နာမကြောင့်သင် တို့ကိုမုန်းကြလိမ့်မည်။-
Mark 13:13ငါ၏အတွက်ကြောင့်လူတိုင်းပင်သင်တို့ကိုမုန်း လိမ့်မည်။ သို့ရာတွင်အဆုံးတိုင်အောင်တည်ကြည် သောသူသည်ကယ်တင်ခြင်းကိုခံရလတ္တံ့။''
Luke 8:15မြေကောင်းမြေသန့်တွင်ကျသောမျိုးစေ့မူကား နှုတ်ကပတ်တော်ကိုကြားပြီးနောက် ရိုးဖြောင့် ကောင်းမွန်သောစိတ်နှလုံးတွင်စွဲမြဲစွာခံယူ ကာအသီးသီးသူများကိုဆိုလိုသတည်း။
John 15:18``လောကသားတို့သည်သင်တို့ကိုမုန်းတီးကြ လျှင် သင်တို့ကိုမမုန်းမီ ငါ့ကိုမုန်းကြသည်ကို သတိရကြလော့။-