ရှင်မဿဲခရစ်ဝင် 10:24
``တပည့်သည်ဆရာထက်မသာ။ ကျွန်သည်လည်း သခင်ထက်မသာ။-
Common Language Bible
In The King James Version
The disciple is not above his master, nor the servant above his lord.
In Context
Cross References
2 Samuel 11:11ဥရိယက``ဣသရေလပြည်သားနှင့်ယုဒ ပြည်သားတို့သည် ရပ်ဝေးတွင်စစ်တိုက်လျက် ရှိနေကြပါသည်။ ပဋိညာဉ်သေတ္တာတော်သည် လည်းသူတို့နှင့်အတူရှိပါ၏။ အကျွန်ုပ်၏ ဗိုလ်ချုပ်ယွာဘနှင့်တပ်မှူးများသည်လည်း ကွင်းပြင်ထဲတွင်တပ်စခန်းချလျက်နေရ ကြပါ၏။ အဘယ်သို့လျှင်အကျွန်ုပ်သည် အိမ်သို့ပြန်၍စားသောက်ကာမယားနှင့် ပျော်မွေ့နိုင်ပါမည်နည်း။ အကျွန်ုပ်သည် ထိုသို့မပြုနိုင်ကြောင်းကျိန်ဆိုပါ၏'' ဟုလျှောက်၏။
John 13:16အမှန်အကန်သင်တို့အားငါဆိုသည်ကား ကျွန်သည်သခင်ထက်ကြီးမြတ်သည်မဟုတ်။ စေလွှတ်ခြင်းခံရသူလည်းစေလွှတ်သောသူ ထက်ကြီးမြတ်သည်မဟုတ်။-
Hebrews 12:2ငါတို့၏ယုံကြည်ခြင်းတရားကိုအစမှ အဆုံးစီရင်တော်မူသောသခင်ယေရှုကို မျက်မှောက်ပြုကြကုန်အံ့။ ကိုယ်တော်သည် မိမိခံစားရမည့်ဝမ်းမြောက်ခြင်းအတွက် ကြောင့် လက်ဝါးကပ်တိုင်တော်ကိုရှက်ကြောက် ဖွယ်အရာဟူ၍မှတ်တော်မမူဘဲအသေ ခံတော်မူပြီးလျှင် ဘုရားသခင်၏ပလ္လင် တော်လက်ယာဘက်တွင်ထိုင်နေတော်မူ၏။