ရှင်မဿဲခရစ်ဝင် 11:21
``အို ခေါရာဇိန်မြို့၊ သင်သည်အမင်္ဂလာရှိ၏။ အို ဗက်ဇဲ ဒမြို့၊ သင်သည်အမင်္ဂလာရှိ၏။ သင်တို့တွင်ငါပြုခဲ့ သည့်အံ့ဖွယ်အမှုအရာများကိုတုရုနှင့်ဇိဒုံမြို့ တို့တွင်သာပြုခဲ့ပါမူ ထိုမြို့တို့သည်ရှေးမဆွကပင် လျှင်လျှော်တေကိုဝတ်၍ပြာနှင့်လူးလျက်နောင်တ ရကြလိမ့်မည်။-
Common Language Bible
In The King James Version
In Context
Cross References
Jeremiah 13:27ထာဝရဘုရားသည်မိမိစက်ဆုတ်သည့် အမှုများကို သင်တို့ပြုကျင့်ကြသည်ကို မြင်တော်မူပြီ။ သင်တို့သည်အိမ်နီးချင်း၏ ဇနီးကိုတပ်မက်သူကဲ့သို့၊ မြင်းမကိုတပ် မက်၍ဟီသည့်မြင်းလားကဲ့သို့၊ တောင်ကုန်း များ၊ လယ်ကွင်းများတွင်အရှက်ကင်းမဲ့စွာ ပြည့်တန်ဆာလုပ်ငန်းကိုလုပ်ကြ၏။ ယေရု ရှလင်မြို့သားတို့၊ သင်တို့သည်အမင်္ဂလာ ရှိပါသည်တကား။ အဘယ်အခါမှသင် တို့သည်သန့်စင်၍လာကြမည်နည်း။
Matthew 11:22သို့ရာတွင်တရားစီရင်တော်မူရာနေ့၌ သင်တို့သည် တုရုနှင့်ဇိဒုံမြို့တို့ထက်ပို၍အပြစ်ဒဏ်ခံရကြ ပေအံ့။-
Matthew 15:21သခင်ယေရှုသည်ထိုအရပ်မှထွက်ခွာတော်မူ ၍ တုရုနှင့်ဇိဒုန်နယ်များသို့ကြွတော်မူ၏။-
Matthew 23:13``ကြောင်သူတော်ဖာရိရှဲနှင့်ကျမ်းတတ်ဆရာတို့၊ သင်တို့သည်အမင်္ဂလာရှိကြ၏။ လူတို့ကောင်းကင် နိုင်ငံတော်သို့ဝင်မည်ပြုသောအခါသင်တို့သည် တံခါးပိတ်လိုက်ကြ၏။ သင်တို့ကိုယ်တိုင်လည်းမဝင်၊ ဝင်ရန်ကြိုးစားသူများကိုလည်းဝင်ခွင့်မပြုကြ။
Mark 7:24ကိုယ်တော်သည်ထိုအရပ်မှထွက်ခွာတော်မူ၍ တုရုနယ်သို့ကြွတော်မူ၏။ ရောက်လျှင်အိမ်တစ် အိမ်တွင်တည်းခိုတော်မူ၏။ ကိုယ်တော်ရောက်ရှိ တော်မူကြောင်းမည်သူကိုမျှသိစေတော်မမူ လို။ သို့ရာတွင်ပုန်းကွယ်၍နေတော်မမူနိုင်။-