ရှင်မဿဲခရစ်ဝင် 11:27
ထိုနောက်ကိုယ်တော်က ``ငါ့ခမည်းတော်သည်ခပ်သိမ်း သောအရာတို့ကိုငါ့အားပေးအပ်ထားတော်မူလေပြီ။ ခမည်းတော်မှတစ်ပါးအခြားမည်သူမျှသားတော်ကို မသိ။ ခမည်းတော်ကိုလည်းသားတော်နှင့်သားတော် ဖွင့်ပြလိုသူများမှတစ်ပါးအခြားမည်သူမျှ မသိ။
Common Language Bible
In The King James Version
In Context
Cross References
Matthew 28:18သခင်ယေရှုသည်တပည့်တော်တို့အနီးသို့ကြွလာ တော်မူလျက် ``ကောင်းကင်ဘုံ၌လည်းကောင်း၊ ကမ္ဘာ မြေကြီးပေါ်၌လည်းကောင်းရှိသမျှသောတန်ခိုး အာဏာတို့ကိုငါခံယူရရှိထားလေပြီ။-
John 1:18လူတစ်စုံတစ်ယောက်မျှဘုရားသခင်ကိုမမြင် စဖူးသော်လည်း ခမည်းတော်၏ရင်ခွင်၌ရှိတော် မူသော၊ ဘုရားဖြစ်တော်မူသော၊ တစ်ပါးတည်း သောသားတော်သည် ဘုရားသခင်ကိုထင်ရှား စေတော်မူပြီ။
John 5:21ခမည်းတော်သည်သူသေများကိုအသက်ပြန် ရှင်စေတော်မူသကဲ့သို့ သားတော်သည်လည်း မိမိအလိုရှိသူများကိုအသက်ရှင်စေ တော်မူ၏။-
John 7:29ငါသည်ထိုအရှင်၏ထံမှလာသောကြောင့် လည်းကောင်း၊ ထိုအရှင်သည်ငါ့ကိုစေလွှတ် တော်မူသောကြောင့်လည်းကောင်း ငါသည်ထို အရှင်ကိုသိ၏'' ဟုကြွေးကြော်တော်မူ၏။
John 13:3သခင်ယေရှုသည်မိမိအားခမည်းတော်က အာဏာကုန်လွှဲအပ်ထားသည်ကိုလည်းကောင်း၊ မိမိသည်ဘုရားသခင်ထံတော်မှကြွလာ ၍ ဘုရားသခင်ထံတော်သို့ပြန်တော့မည်ကို လည်းကောင်းသိတော်မူ၏။-
John 17:2သားတော်သည်မိမိလက်သို့အပ်နှင်းထား သူတို့အားထာဝရအသက်ကိုပေးနိုင်ရန် ကိုယ်တော်သည်လူသားအပေါင်းတို့ကို စိုးပိုင်သောတန်ခိုးအာဏာကိုပေးတော် မူပါပြီ။-