ရှင်မဿဲခရစ်ဝင် 11:5
မျက်မမြင်တို့သည်မျက်စိအလင်းကိုရရှိ ကြ၏။ ခြေမစွမ်းမသန်သူတို့သည်လမ်းလျှောက် ကြ၏။ အရေပြားရောဂါစွဲသူတို့သည်သန့်စင် သွားကြ၏။ နားပင်းသူတို့သည်ကြားရကြ၏။ သေသူတို့သည်အသက်ပြန်၍ရှင်ကြ၏။ ဆင်းရဲ သူတို့သည်သတင်းကောင်းကိုကြားရကြ၏။-
Common Language Bible
In The King James Version
In Context
6ငါ၏အပေါ်၌ယုံမှားခြင်းကင်းသူတို့သည် မင်္ဂလာရှိကြ၏'' ဟုမိန့်တော်မူ၏။
Cross References
2 Kings 5:7ဣသရေလဘုရင်သည်ထိုစာကိုရသောအခါ အဝတ်တော်ကိုဆုတ်လျက်``ငါသည်ဤသူ၏ ရောဂါကိုပျောက်ကင်းစေလိမ့်မည်ဟုအဘယ် သို့ရှုရိမင်းမျှော်လင့်နိုင်ပါသနည်း။ ငါသည် အသက်ကိုပေးပိုင်နုတ်ပိုင်သောတန်ခိုးနှင့်ပြည့် စုံသည့်ဘုရားဖြစ်ပါသလော။ သူသည်ငါ့အား ရန်ရှာသည်မှာထင်ရှားပါသည်တကား'' ဟု ဆို၏။
Psalms 22:26ဆင်းရဲသူတို့သည်ဝစွာစားရကြပါလိမ့်မည်။ ဘုရားသခင်ထံတော်သို့ချဉ်းကပ်ကြသူ တို့သည် ကိုယ်တော်အားထောမနာပြုကြပါလိမ့်မည်။ သူတို့သည်ထာဝစဉ်ကောင်းစားကြပါစေ သော။
Psalms 146:8မျက်မမြင်တို့အားမျက်စိမြင်စေတော်မူ၏။ လဲကျနေသူအပေါင်းတို့ကိုကူမတော်မူ၏။ ကိုယ်တော်သည်ဖြောင့်မတ်သောသူတို့ကို ချစ်တော်မူ၏။
Isaiah 35:4စိတ်ပျက်အားလျော့၍နေသူအပေါင်းတို့အား ``ကြံ့ခိုင်မှုရှိကြလော့။ မကြောက်ကြနှင့်ဘုရားသခင်သည် သင်တို့ကိုကယ်ဆယ်ရန် ကြွလာတော်မူလိမ့်မည်။ သင်တို့၏ရန်သူများအားလည်း လက်စားချေတော်မူလိမ့်မည်'' ဟု ပြောကြားကြလော့။
Isaiah 43:8ဘုရားသခင်က ``ငါ၏လူမျိုးတော်ကိုတရားရုံးတော်သို့ ဆင့်ခေါ်ကြလော့။ သူတို့သည်မျက်စိရှိလျက်နှင့်မမြင်ကြ။ နားရှိလျက်နှင့်မကြားကြပါတကား။
Isaiah 66:2ငါသည်စကြဝဠာတစ်ခုလုံးကိုဖန်ဆင်း တော်မူခဲ့၍ ဤအရာများပေါ်ပေါက်လာ ရသည်မဟုတ်လော။ စိတ်နှလုံးနှိမ့်ချ၍ နောင်တရသူများနှင့်ငါ့ကိုကြောက်ရွံ့ ရိုသေကာ ငါ၏စကားကိုနားထောင်သူ များကိုငါနှစ်သက်၏။