ရှင်မဿဲခရစ်ဝင် 11:6
ငါ၏အပေါ်၌ယုံမှားခြင်းကင်းသူတို့သည် မင်္ဂလာရှိကြ၏'' ဟုမိန့်တော်မူ၏။
Common Language Bible
In The King James Version
And blessed is he, whosoever shall not be offended in me.
In Context
Cross References
Psalms 1:1သူယုတ်မာတို့၏အကြံဉာဏ်ကိုလက်မခံ၊ အပြစ်ကူးသူတို့၏စံနမူနာကိုမလိုက်၊ ထာဝရဘုရားကိုပစ်ပယ်သူတို့နှင့်လည်း မပေါင်းမဖော်သောသူတို့သည်မင်္ဂလာရှိကြ၏။
Psalms 119:1ထာဝရဘုရား၏တရားတော်ကိုလိုက်လှောက် လက် အပြစ်ဆိုဖွယ်မရှိအောင်သက်ရှင်လှုပ်ရှား သူတို့သည်မင်္ဂလာရှိကြ၏။
Matthew 5:3``စိတ်နှလုံးနှိမ့်ချသောသူတို့သည်မင်္ဂလာ ရှိကြ၏။ ကောင်းကင်နိုင်ငံတော်သည်ထိုသူတို့၏နိုင်ငံ ဖြစ်၏။
Matthew 15:12တပည့်တော်တို့သည်အထံတော်သို့လာ၍ ``အရှင် မိန့်တော်မူသောစကားကြောင့်ဖာရိရှဲတို့စိတ်ဆိုး ကြသည်ကိုသိတော်မူပါသလော'' ဟုလျှောက် ထားကြ၏။
Matthew 24:10ထိုအခါလူများစွာပင်မှောက်မှားလမ်းလွဲကြ လျက် အချင်းချင်းတစ်ယောက်ကိုတစ်ယောက် သစ္စာဖောက်ကြလိမ့်မည်။-
Luke 2:34ရှုမောင်သည်သူတို့ကိုကောင်းချီးပေး၍ ``ဣသရေလ အမျိုးသားတို့တွင် ပျက်စီးဆုံးရှုံးရသူများနှင့် ကယ်တင်ခြင်းကိုခံရသူများပေါ်ပေါက်လာစေရန် ဤသူငယ်ကိုဘုရားသခင်ရွေးချယ်ခန့်ထားတော် မူပြီ။ သူသည်ဘုရားသခင်၏နိမိတ်လက္ခဏာ ဖြစ်၍သူ့အားလူအများပင်ဆန့်ကျင်ပြောဆို ကြခြင်းဖြင့်၊-