ရှင်မဿဲခရစ်ဝင် 12:20
သူသည်ကွေ့ကောက်လျက်ရှိသောကူပင်ကိုမချိုး၊ မီးမတောက်ဘဲတငွေ့ငွေ့လောင်နေသော မီးစာကိုမငြိမ်းသတ်။ သူသည်တရားမျှတမှုစိုးမိုးလာသည်တိုင်အောင် လုပ်ဆောင်လိမ့်မည်။
Common Language Bible
In The King James Version
In Context
21လူမျိုးတကာတို့သည်လည်းသူ့ကိုကိုးစားလိမ့်မည်'' ဟူ၍ဖြစ်၏။
Cross References
2 Kings 18:21သင်သည်အီဂျစ်ပြည်၏အကူအညီကိုစောင့် စားလျက်နေ၏။ သို့သော်ထိုပြည်ကိုအားကိုး ခြင်းသည် ကူရိုးကိုတောင်ဝှေးအဖြစ်အသုံး ပြုခြင်းနှင့်တူပေသည်။ ထိုကူရိုးသည်ကျိုး၍ သင်၏လက်ကိုစူးလိမ့်မည်။ အီဂျစ်ဘုရင်ကား သူ့ကိုအားကိုးသူအဖို့ ထိုအရိုးနှင့်တူသည်' ဟုမိန့်တော်မူသည်'' ဟုပြော၏။
Psalms 98:1ထာဝရဘုရားအားသီချင်းသစ်ကိုဆို၍ ဂုဏ်တော်ကိုချီးမွမ်းကြလော့။ ကိုယ်တော်သည်အံ့သြဖွယ်ရာအမှုတော်တို့ကို ပြုတော်မူပြီ။ ကိုယ်တော်သည်မိမိ၏တန်ခိုးတော်ဖြင့် လည်းကောင်း၊ ခွန်အားစွမ်းရည်တော်ဖြင့်လည်းကောင်း အောင်ပွဲကိုရတော်မူပြီ။
Isaiah 40:11ကိုယ်တော်သည်သိုးထိန်းကဲ့သို့မိမိ၏လူမျိုး တော်ကို ကျွေးမွေးပြုစုတော်မူလိမ့်မည်။ သိုးထိန်းသည်သိုးငယ်များကိုစုသိမ်း၍ လက်ဖြင့်ချီပွေ့ကာ သူတို့၏မိခင်များကိုဖြည်းညှင်းစွာလမ်းပြ ပို့ဆောင်တော်မူလိမ့်မည်။
Isaiah 57:15``ငါသည်ထာဝရအသက်ရှင်သောဘုရား၊ ချီးမြှောက်ခြင်းကိုခံရ၍သန့်ရှင်းမြင့်မြတ် သောဘုရားဖြစ်တော်မူ၏။ ငါသည်သန့်ရှင်း မြင့်မြတ်ရာအထက်ဘုံတွင်စံနေတော်မူ သော်လည်းစိတ်နှလုံးကြေကွဲသူ၊ စိတ်နှိမ့်ချ သူတို့စိတ်ဝိညာဉ်ပြန်လည်လန်းဆန်းအား တက်လာကြစေရန်ထိုသူတို့ထံတွင်လည်း ကျိန်းဝပ်တော်မူ၏။-
Lamentations 3:31ထာဝရဘုရားသည်သနားတတ်သော ကြောင့် ငါတို့အားထာဝစဉ်ပင်ပစ်ပယ်တော်မူလိမ့် မည်မဟုတ်။
Matthew 11:28လေးသောဝန်ထမ်းရ၍ပင်ပန်းသူအပေါင်းတို့၊ ငါ့ထံသို့လာကြလော့။ ငါသည်သုခချမ်းသာ ပေးမည်။-